
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၉ဝ,၃၁၂ ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားအဆင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ ပါသည်။
အထက်ပါ စီမံကိန်းအတွက် သင်တန်းကျောင်းသစ်တစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် သြဂုတ် လ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါ်မိုးမိုးစုကြည် ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA ၊ ဂျပန်သံရုံး စီးပွားရေးသံမှူး Mr. Kazuyuki TAKIMI ၊ ပထမအတွင်းဝန် Mr. Yuta ISOZAKI ၊ ဒုတိယအတွင်းဝန် Mr. Hiroyuki OISHI ၊ ဆောက်လုပ်ရေး စီမံကိန်းကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
လှိုင်သာယာမြို့နယ်တွင် အသေးစားနှင့် အလတ်စားစက်ရုံ ၊ အလုပ်ရုံအများအပြားတည်ရှိသောကြောင့် မြန်မာနိုင်ငံအနှံ့ မှ အလုပ်သမားများ လာရောက်အလုပ်လုပ်ကိုင်ကြလျက်ရှိပါသည်။ စက်မှုဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အလုပ်ရှင်နှင့် အလုပ်သမားများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစံချိန်စံညွှန်များအပေါ် အသိပညာအား နည်းသောကြောင့် လှိုင်သာယာတွင် ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရပါ သည်။ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနသည် လှိုင်သာယာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို သင်ကြားပို့ချ ပေးသော်လည်း သင်တန်းထောက်ကူပစ္စည်းကိရိယာများ လုံလုံလောက်လောက် မရှိသောကြောင့် သတင်းအချက်အ လက်များကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါအခက်အခဲများကို ကူညီ ဖြေရှင်းရန် ဂျပန်အစိုးရက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများပို့ချရန်အတွက် သုံးထပ် သံကူကွန်ကရစ် သင်တန်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်း ကြောင့် သင်တန်းကျောင်းက ပို့ချပေးသော သင်တန်းများနှင့် ဆွေးနွေးပွဲများတက်ရောက်ရန် နှစ်စဉ်အလုပ်သမား (၃,၆ဝဝ)ဦးခန့် အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |
![]() |