
“Foreign Minister’s Commendations for FY 2019” ပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း
၂၀၁၉ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်အား ဂျပန်နိုင်ငံ Reiwa ခေတ် ပထမနှစ်၊ နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုချီးမြှင့်လွှာ “Foreign Minister’s Commendations for FY 2019” ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ၁၉၇၉ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဂျပန်နိုင်ငံ၏ အထောက်အပံ့ အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တံတားဆောက်လုပ်ရေး နည်းပညာဆိုင်ရာ လေ့ကျင့်ရေးစင်တာ (Bridge Engineer Training Centre, BETC) နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းတွင် တာဝန်ခံ အရာရှိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစီမံကိန်းမှ သင်ယူရရှိခဲ့သည့် တံတားဆိုင်ရာ နည်းပညာများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်းများကို ပြန်လည်သင်ကြား ပြသခဲ့ပြီး မြန်မာနိုင်ငံ၏ တံတားဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုခဲ့ပါသည်။ ထို့အပြင် လက်ရှိတွင်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီလျက်ရှိပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုလွှာကို တစ်ဦးချင်း ပေးအပ်မှုအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး ရရှိသူဖြစ်ပါသည်။
Foreign Minister’s Commendations for FY 2019 နှင့်ပတ်သက်၍(ဂျပန်ဘာသာ)
(အင်္ဂလိပ်ဘာသာ) တို့တွင် ကြည့်ရှုနိုင်ပါသည်။
![]() |
![]() |