သြဂုတ်လ၊၂၅ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် "၂၀ ကြိမ်မြောက် ဂျပန်စကား ပြောပြိုင်ပွဲ" ၏ နောက်ဆုံး ယှဉ်ပြိုင်ပွဲ ကို ကျင်းပခဲ့ပါသည်။
(မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန် ဖောင်ဒေးရှင်း (ယဉ်ကျေးမှုစင်တာ) ရန်ကုန်နှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)တို့ ပူးပေါင်းပြီး၊ ဂျပန်လူမျိုးများ အသင်း ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန် ကုန်သည်ကြီးများ အသင်း (JCCM)၊
ဂျပန်- မြန်မာအသင်းနှင့် ဂျပန် ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့က ပံ့ပိုးကူညီခဲ့ကြပါသည်)
ထိုနေ့တွင် ပြိုင်ပွဲဝင်ရန် လျှောက်ထားသူ (၁၀၀)ဦးထဲမှ ပဏာမ ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၁၅)ဦးတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော စိတ်လှုပ်ရှား ဖွယ်ရာ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ ပြိုင်ပွဲသို့ စိတ်ဝင်စားသူ ၂၈၃ယောက်က လာရောက်ကြည့်ရှုခဲ့ပါသည်။
ပြိုင်ပွဲဝင်အားလုံး၏ယှဉ်ပြိုင်မှု ပြီးဆုံးပြီးနောက် အကဲဖြတ်ဒိုင်လူကြီးများက တင်းကျပ်သောအမှတ်ပေး စည်းမျဉ်းများအရ မျှတစွာ အမှတ်ပေးခဲ့ကြပြီး ထူးချွန်သူ(၃)ဦးနှင့် ဇွဲဆုရရှိသူတို့ကို အသီးသီးကြေညာခဲ့ပါသည်။
ဆုလက်မှတ်များနှင့် ဆုလက်ဆောင်များကို အသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆုရရှိသူနှင့် ၄င်းတို့၏ ပြိုင်ပွဲဝင် အကြာင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဤအကြိမ်တွင် ပထမဆု ရရှိခဲ့သည့် မတင်နန္ဒာလင်းသည် ယခုနှစ် အောက်တိုဘာလတွင် တိုကျိုမြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံများ၏ ဂျပန်စကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူများ စုဝေးမည့်အစီအစဉ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8