
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ အစည်းတို့ မှ ပူးပေါင်း၍ ၁၅ကြိမ်မြောက် ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ယခုအကြိမ်တွင် ၃၀ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲ (SEA Games 2019၊ နိုဝင်ဘာလ ၃၀ရက်နေ့မှ ဒီဇင်ဘာလ ၁၁ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံရှိဒေသအသီးသီးတွင် ကျင်းပပြုလုပ်သွားမည်။) ကို ရည်မှန်းကာ မြန်မာနိုင်ငံရှိဒေသအသီးသီးမှ မြန်မာ့ဂျူဒိုလက်ရွေးစင်အားကစားသမားများက ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်။
ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲအပြီးတွင် တိုကျို ၂၀၂၀ ခုနှစ် အိုလံပစ်နှင့် ပါရာလန်ပစ်အားကစားပွဲအတွက် ဂျပန်အစိုးရမှ ဆောင်ရွက်လျက်ရှိသော အားကစားဆိုင်ရာနိုင်ငံတကာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်ဖြစ်သော 「Sport for Tomorrow」၏ တစ်စိတ်တစ်ဒေသအနေဖြင့် Sydney Olympic 100kg class Gold Medalist တစ်ဖြစ်လဲ All Japan Judo Boys National Team Director ဖြစ်သော Mr. Kosei INOUE ကို အထူးဖိတ်ကြားထားကာ ဆွေးနွေးပွဲများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ မည်သူမဆို လွတ်လပ်စွာ လာရောက်ကြည့်ရှုနိုင်ပါသောကြောင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ နေ့ရက်နှင့် အချိန်စက်တင်ဘာလ ၁၇ရက် ၂၀၁၉ခုနှစ် (အင်္ဂါ) နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ
- ဖွင့်ပွဲအခမ်းအနား။ ။ နံနက် ၉ နာရီ မှ နံနက် ၁၀ နာရီအထိ
စက်တင်ဘာလ ၁၈ရက် ၂၀၁၉ခုနှစ် (ဗုဒ္ဓဟူး) နံနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ
စက်တင်ဘာလ ၁၉ရက် ၂၀၁၉ခုနှစ် (ကြာသပတေး) နံနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ
စက်တင်ဘာလ ၂၀ရက် ၂၀၁၉ခုနှစ် (သောကြာ) နံနက် ၇ နာရီခွဲ မှ နေ့လယ် ၁၂ နာရီအထိ
- ဆုပေးပွဲအခမ်းအနား။ ။ နံနက် ၁၀နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ
၂။ ပွဲကျင်းပမည့်နေရာ
မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (အောင်ဆန်းကွင်း) (ဝင်ကြေးအခမဲ့၊ ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ပါ။)
၃။ စီစဉ်ကျင်းပမည့်အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့ အစည်း
စီစဉ်ကျင်းပမည့်အဖွဲ့ အစည်း။ ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့အစည်း (Myanmar Judo Federation)
ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့ အစည်း။ ။ မြန်မာနိုင်ငံ ဂျပန် ကုန်သည်ကြီးများ အသင်း (JCCM)၊ ရန်ကုန်ဂျပန်လူမျိုးများအသင်း
၎။ အထူးဧည့်သည်တော်များ၏ အစီအစဉ်တင်ဆက်မှု
ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲအပြီး (စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း)တွင် Mr. Kosei INOUE နှင့် Mr. Hiroyuki AKIMOTO တို့က အထူးဧည့်သည်တော်အဖြစ် မြန်မာ့ဂျူဒိုလက်ရွေးစင် အားကစားသမားများအား သရုပ်ဖော်ပြကွက်များနှင့် ဆွေးနွေးပွဲများကို လုပ်ဆောင်ပေးမည့် အစီအစဉ်ရှိပါသည်။ အသေးစိတ်ကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဂျပန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
"အထူးဧည့်သည်တော်များ"Mr. Kosei INOUE (Sydney Olympic 100kg class Gold Medalist, All Japan Judo Boys National Team Director)
Mr. Hiroyuki AKIMOTO (2010 World Judo Championship 73kg class Championship, All Japan Judo Women's Special Coach)
![]() |
၅။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်: ၀၁ ၅၄၉၆၄၄~၄၈