"၄ကြိမ်မြောက်ဂျပန်ပုံပြင်ဘာသာပြန်ပြိုင်ပွဲ"ဆုပေးပွဲကျင်းပခြင်း
သြဂုတ်လ ၂၅ရက်နေ့တွင် Melia ဟိုတယ်တွင် [၂၀ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ] ကျင်းပခြင်း နှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ကျင်းပခဲ့သည့် [၁၄ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ] နှင့် ဂျပန်ဘာသာ လေ့လာမှု အလယ်အလတ် အဆင့်အတွက် [၄ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပြိုင်ပွဲ] ၏
ဆုပေးပွဲကို ကျင်းပခဲ့ပါသည် (ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း [MAJA] တို့ ပူးပေါင်းပြီး၊ ရန်ကုန်ရှိ ဂျပန် လူမျိုးများအသင်း၊ ဂျပန် ကုန်သည်ကြီးများအသင်း [JCCM] နှင့် ဖုကုအိုကာမြို့တို့မှ ပံ့ပိုးကူညီခဲ့ပါသည်)။
ထူးချွန်ဆုရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ၁၄ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန် ပြိုင်ပွဲ"ကိုးဒ အယ၏ Hinoki" ခေါင်းစဉ်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက် ယှဉ်ပြိုင်သူ ၆၃ဦး ရှိခဲ့ပါသည်။
ပထမဆု မဆုမြတ်နှင်း
ဒုတိယဆု ကိုကျော်သီဟ
တတိယဆု မဟန်နီစုစံ
ပထမဆုရရှိသော မဆုမြတ်နှင်းသည် ဖုကုအိုကာမြို့သို့ အလည်အပတ် အစီအစဉ်နှင့် သွားရောက်မည် ဖြစ်ပါသည်။
၂။ ၄ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပြိုင်ပွဲယခုနှစ်၏ ခေါင်းစဉ်မှာ "The Story of the Old Man Who Made Withered Trees to Blossom" ဖြစ်ပါသည်။ တစ်နိုင်ငံလုံးမှ ၁၂၈ဦး လျှောက်ထားပြီး လျှောက်ထားသူထဲမှ အကောင်းဆုံးဆုရရှိသူများမှာ မခင်ငြိမ်းသန့်၊မဝင်းဝါခိုင်နှင့် မမေသဉ္ဇာမြင့် (မမေသဉ္ဇာမြင့်ကိုယ်စားမောင်ဖြစ်သူမှ ဆုလက်ခံရယူခဲ့ပါသည်။) တို့ဖြစ်ကြပါသည်။
မခင်ငြိမ်းသန့်
မဝင်းဝါခိုင်
မမေသဉ္ဇာမြင့် (မမေသဉ္ဇာမြင့်ကိုယ်စား မောင်ဖြစ်သူမှ ဆုလက်ခံရယူခဲ့ပါသည်။)

No.100 Natmauk Road, Bahan Township, Yangon
01-549644~8