ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၃၉၇,ဝဝ၃ ကို ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ -
(၁) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၃)ပုဗ္ဗာရုံ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၂၁ဝ,၉၁၂) နှင့်
(၂) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၅) သီလရှင်သင်ပညာရေး အလယ်တန်းကျောင်း ဆောက်လုပ်ရေး
စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၆,ဝ၉၁) ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းများအတွက် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Hiroyuki Oishi ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အမှတ်(၁၃) ပုဗ္ဗာရုံ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် ကျောင်းသူကျောင်းသားအားလုံး တက် ရောက်ရန် စာသင်ခန်းမလုံလောက်ခဲ့ပါ။ ထို့ကြောင့် အဆိုပါအခြေအနေကို စီမံခန့်ခွဲရန် ဘုန်းကြီးကျောင်း အဆောက်အအုံကို စာသင်ခန်းအဖြစ် မျှဝေကာ အသုံးပြုခဲ့ရပါသည်။ သို့သော် ပြဿနာမှာ နေရာမလုံလောက်မှု တစ်ခု တည်းမဟုတ်ပဲ အခန်းများ၏အရည်အသွေးမှာ ကျောင်းသူကျောင်းသားများ ပညာသင်ယူရန်မသင့်တော်ပါ။ ကျောင်း ဆောင်များ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း ဆိုးရွားသောရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပါ။ ပိုမိုကောင်းမွန်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသားများနှင့် ဆရာ ၊ ဆရာမဦးရေ (၃ဝဝ)ကျော်တို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ထိုနည်းတူစွာ အမှတ်(၅) သီလရှင်သင်ပညာရေး အလယ်တန်းကျောင်းသည် ပညာရေးထောက်ပံ့မှုလိုအပ်သော ကလေး များအတွက် အားသွန်ခွန်စိုက် ထောက်ပံ့ပေးလျက်ရှိပါသည်။ ဒေသခံပြည်သူများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင် ခန်းများ ဆောက်လုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ စာသင်ခန်းများ၏ အခြေအနေမှာ ဆိုးရွားသဖြင့် ကျောင်းသူကျောင်း သားများသည် မိုးယိုခြင်းနှင့် သင့်တော်သောနံရံများမရှိခြင်း စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံး ပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမဦးရေ(၅၅ဝ)ကျော်တို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8