(၁၀) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒိုတံခွန်စိုက်ပြိုင်ပွဲ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်တို့မှ ပူးပေါင်း၍ “(၁၀)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒိုတံခွန်စိုက်ပြိုင်ပွဲ”ကို ကျင်းပမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိဒေသအသီးသီးမှ မြန်မာ့ကရာတေးဒိုလက်ရွေးစင်အားကစားသမားများက ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပါသည်။ မည်သူမဆို လွတ်လပ်စွာ လာရောက် ကြည့်ရှုနိုင်ပြီး မိသားစု၊ သူငယ်ချင်းများ နှင့်အတူ လာရောက် ကြည့်ရှုအားပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ နေ့ရက်နှင့် အချိန်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (အင်္ဂါနေ့) မှ ၂၄ ရက် (ကြာသပတေးနေ့) အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
ဖွင့်ပွဲအခမ်းအနား။ ။ အောက်တိုဘာလ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီမှ
ဆုပေးပွဲအခမ်းအနား။ ။ အောက်တိုဘာလ ၂၄ ရက် (ကြာသပတေးနေ့) နံနက် ၁၁ နာရီမှ
၂။ ပွဲကျင်းပမည့်နေရာ
မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (အောင်ဆန်းကွင်း) (ဝင်ကြေးအခမဲ့၊ ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ပါ။)
၃။ Organizers and Cooperation
(၁) Organizers
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်
(၂) Cooperation
မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ရန်ကုန် ဂျပန်လူမျိုးများအသင်း
၎။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်: 01 549644-8
အီးမေးလ်: Info.cul@yn.mofa.go.jp

No.100 Natmauk Road, Bahan Township, Yangon
01-549644~8