Reiwa ခေတ်သစ်၊ နွေဦးရာသီ၌ နိုင်ငံခြားသားများကို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနား

အောက်တိုဘာလ၉ရက်၊ ၂၀၁၉ခုနှစ်တွင် ဒေါ်စီစီရှိန်‌‌ကို ဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ပါသည်။ဒေါ်စီစီရှိန်‌‌သည် မြန်မာလူမျိုးများအနက် ပထမဆုံးသော ဂျပန်ဘာသာသင်ဆရာမဖြစ်ပါသည်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဂျပန်ဘာသာဌာနဌာနမှူးအဖြစ် နှစ်ပေါင်း၂၂နှစ်ခန့် တာဝန်ထမ်းဆောင်ကာ ဂျပန်ဘာသာကိုနှစ်ပေါင်း၄၀ခန့် သင်ကြားခဲ့ပြီး မြန်မာနိုင်ငံ၌ ဂျပန်ဘာသာစကားလေ့လာသည့် နယ်ပယ်တစ်ခုကို ဦးဆောင်ခဲ့သောသူဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်း MAJAကိုတည်ထောင်သည့် အဖွဲ့ဝင်ဖြစ်လာကာ ၂၀၁၄ခုနှစ်မှစ၍ အသင်း၏ဥက္ကဌတာဝန်ကို ၄နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့သော အသိအမှတ်ပြုဖွယ်ကောင်းသည့် လုပ်ဆောင်မှုများ‌ကြောင့် Reiwa ခေတ်သစ်၊ နွေဦးရာသီ၌ နိုင်ငံခြားသားများကို ဘွဲ့တံဆိပ်ချီးမြှင့်ရာတွင် ဒေါ်စီစီရှိန်‌‌ကို ဘွဲ့တံဆိပ်ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် သံအမတ်ကြီးမစ္စတာမာရုယာမမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုလက်မှတ်နှင့်ဘွဲ့တံဆိပ်ကိုပေးအပ်ချီးမြှင့်ခဲ့ကာ ဒေါ်စီစီရှိန်ကကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။