
ဂျပန်အစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်အရ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့အဖြစ် စုစုပေါင်းအမေရိကန်ဒေါ်လာ (၁,၁၈၀,၉၂၅) ကို အောက်ဖော်ပြပါ စီမံကိန်း(၈)ခုအတွက် ပေးအပ်ခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား(၇)ခုကို ၂၀၁၉ ခုနှစ် နို၀င်ဘာလ အတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွာသာကျေးရွာတံတား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူး Mr. Kazuyuki Takimi တို့ တက်ရောက်ခဲ့ကြပါသည်။
ရွာသာကျေးရွာတွင် ကျေးရွာသူကျေးရွာသားများသည် ကျောင်း၊ ဆေးရုံနှင့် လယ်ယာမြေလုပ်ငန်း ခွင်များသို့ သွားရောက်ရန် ခြောက်သွေ့သောရာသီ ရေကျနေသောအချိန်များ၌သာ မြစ်ကိုဖြတ်၍ သွားလာခဲ့ရပါသည်။ သို့သော် မိုးရာသီ ရေမျက်နှာပြင် ၂ မီတာအထိ မြင့်တက်နေသောအချိန်များ၌ ကျေးရွာသူကျေးရွာသားများသည် အဆိုပါမြစ်ကို ဖြတ်သန်းသွားလာ၍ မရနိုင်ခဲ့ပါ။ ကျေးရွာသူကျေးရွာ သားများသည် မြစ်၏တစ်ဘက်ကမ်းသို့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် အလွန်မျှော်လင့်လျက်ရှိကြပြီး ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်ကို တောင်းဆိုခဲ့ကြပါသည်။ ဂျပန်အစိုးရ က ကျေးရွာသူကျေးရွာသားများ တစ်နှစ်ပတ်လုံး လုံခြုံမှုရှိစွာ သွားလာနိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၃,၉၈၈ တန်ဖိုး ရှိသော ၃၆ မီတာအရှည်ရှိပြီး ၄.၃ မီတာ အကျယ်ရှိသည့် သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ရန်အတွက် ရံပုံငွေများထောက်ပံ့ပေးခဲ့ပါသည်။
စီမံကိန်း(၈)ခု၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စီမံကိန်းအမည် | အကျိုးခံစားခွင့်ရှိသူဦးရေ | ရံပုံငွေပမာဏ |
---|---|---|
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ အောင်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၃၀၀ | အမေရိကန်ဒေါ်လာ ၁၅၂,၄၀၈ |
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွာသာ ကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း | ၇,၃၆၅ | အမေရိကန်ဒေါ်လာ ၁၀၃,၉၈၈ |
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပေါ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း | ၁၅၈ | အမေရိကန်ဒေါ်လာ ၁၁၀,၇၃၆ |
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရှင်ပင်သာ လျောင်းကျေးရွာနှင့် မဲဇလီတောကျေးရွာ၊ ကျေးရွာချင်း ဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း | ၅,၀၈၀ | အမေရိကန်ဒေါ်လာ ၂၈၁,၁၂၆ |
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သံချိတ်ကျေးရွာနှင့် မြို့လှ ကျေးရွာတံတား ဆောက်လုပ်ရေးစီမံကိန်း | ၃၅,၂၁၀ | အမေရိကန်ဒေါ်လာ ၁၃၄,၂၉၇ |
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဗြန်ဒီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း | ၁၁၀ | အမေရိကန်ဒေါ်လာ ၈၄,၇၀၅ |
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျိုက်ဒေးရုံကျေးရွာအုပ်စု လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း | ၇,၂၆၃ | အမေရိကန်ဒေါ်လာ ၁၄၁,၈၄၈ |
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း | ၃,၂၃၇ | အမေရိကန်ဒေါ်လာ ၁၇၁,၈၁၇ |
အမေရိကန်ဒေါ်လာ ၁,၁၈၀,၉၂၅ |
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အေသးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်ဖြင့် ၁၉၉၃ ခု နှစ်မှစတင်၍ စီမံကိန်းပေါင်း(၉၀၄)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂၀၀)ခုနှင့် လူမှူဖူလုံရေးနှင့် ပတ်၀န်းကျင် စီမံကိန်းပေါင်း(၁၄၀)ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်း ပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိ ဂျပန် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |