
မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ် Mr. Sasakawa Yohei နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Maruyama Ichiro တို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ၌ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပြီး အဆိုပါပြည်နယ်မှ ပဋိပက္ခများသက်ရောက်မှုဒဏ်ကိုခံရသည့် ဒေသများတွင် ဒုက္ခသည် များ နေရပ်ပြန်လည်နေရာချထားရေးအတွက် ဂျပန်နိုင်ငံအစိုးရက အထောက်အပံ့ပေးအပ်မည့် အကြောင်းကို ထုတ်ပြန်ခဲ့ပါသည်။ အသေးစိတ်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁) ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းပြီး အစွမ်းကုန် ပံ့ပိုးကူညီလျက်ရှိပါသည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုဒေသများတွင် ငြိမ်းချမ်းရေးလုပ်ငန်း စဥ်များတိုးတက်ရန်အတွက် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူး ကိုယ်စားလှယ် Mr. Sasakawa Yohei နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုကို တိုက် တွန်းပံ့ပိုးလာခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုအကြား အပစ် အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်ကစ၍ နိပွန်ဖောင်ဒေရှင်းအပါအဝင် ဂျပန် NGO များနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ပဋိပက္ခများ၏ သက်ရောက်မှုဒဏ်ကိုခံခဲ့ရသည့် ဒေသ များတွင် နေရပ်ပြန်လာသည့်ဒုက္ခသည်များနှင့် ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများအတွက် နေအိမ်၊ ကျောင်း၊ ကျန်းမာရေးအဆောက်အအုံစသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနည်းပညာများ လမ်းညွှန်ပြသပေးခြင်း၊ နေအိမ်များလျှပ်စစ်မီးလင်းရေးစသည့် ပြန်လည်နေရာချထားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ အထောက်အပံ့များကို ပေးအပ်ခဲ့ပါသည်။
၂) မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသေးသော်လည်း ကချင်ပြည်နယ် မြောက်ပိုင်းတွင် အခြေအနေများ တည်ငြိမ်လာလျက်ရှိပြီး မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့တပ် မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား အပစ် အခတ်ရပ်စဲရေးနှင့် ဒုက္ခသည်များနေရပ်ပြန်လည်နေထိုင်ရေးအတွက် ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါဆွေးနွေးမှုများ ပြုလုပ်ဆဲကာလအတွင်း ယခုတစ်ခေါက်တွင် ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများက တည်ငြိမ်မှုရရှိလာသည့် ကချင်ပြည်နယ် ဒေသအချို့တွင် ဒုက္ခသည်များ ပြန်လည်နေ ရာချထားရေးတို့အတွက် အထောက်အပံ့ပေးအပ်ရန် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန် နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ် Mr. Sasakawa Yohei မှတစ်ဆင့် ဂျပန်နိုင်ငံအစိုးရသို့ အဆိုပြုလာခဲ့ပါသည်။ ထို့အတွက် ဂျပန်နိုင်ငံအစိုးရက ကချင်ပြည်နယ်တွင် ပဋိပက္ခများသက်ရောက်မှုကိုခံခဲ့ရသည့် ဒေသများတွင် လည်း နောက်ပိုင်းတွင် ဒုက္ခသည်များနေရပ်ပြန်လည်နေရာချထားရေးအတွက် အထောက်အပံ့ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၃) ဂျပန်နိုင်ငံ၏ အထောက်အပံ့များသည် ကချင်ပြည်နယ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များ ပြန်လည်ကောင်းမွန်လာရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တတ်နိုင်သမျှ အမြန်ဆုံးရရှိရန်အ တွက် ပံ့ပိုးကူညီနိုင်ပြီး မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် နောက်ပိုင်းမှာလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတိုးတက်ရန်အတွက် ဆက်လက်ပြီး အားသွန်ခွန်စိုက် ပံ့ပိုးကူညီသွား မည်ဖြစ်ပါသည်။