ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၃၅ဝ,၂၇၁ ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်
လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၅၄,၈၆၉)၊
၂) ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း
ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၇၂,၁၈ဝ) နှင့်
၃) ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ မရမ်းခွကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်
ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၃,၂၂၂) တို့ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းသုံးခုအတွက် စာသင်ကျောင်းသုံးကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့တို့တွင် ပန်းတနော်၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ်မြို့နယ်များ၌ အသီးသီးကျင်းပခဲ့ ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဒုတိယအတွင်းဝန် Ms. Yukiko OZEKI ၊ ကျိုက်လတ် မဲဆန္ဒနယ်အမှတ်(၂) ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
မြစ်ဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းဆောင်လေးဆောင်ရှိပါသည်။ သို့သော် ကျောင်းဆောင်(၁)နှင့် ယာယီကျောင်းဆောင်တစ်ဆောင်မှာ ဆိုးရွားစွာပျက်စီးနေပြီး နံရံများပေါ်တွင် အက်ကွဲကြောင်း များနှင့် ကြီးမားသောအပေါက်များ ရှိနေခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ် အတွင်း လေဒဏ်မိုးဒဏ်များ ထိတွေ့ခံစားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသား(၉ဝ)ကျော်သည် ကျောင်း ဆောင်(၃)၏ စာသင်ခန်းတစ်ခန်းအတွင်း ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်း ကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်း နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား (၆၆၇)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ကျွန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်တစ်ဆောင်မှာ ခန်းဖွဲ့မရှိသော စာသင် ခန်းပုံစံဖြစ်ပါသည်။ ထို့ကြောင့် အတန်းငါးတန်းမှ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းနေရာကိုမျှ၍ ပညာ သင်ကြားခဲ့ကြရသည့်အတွက် စာကိုအာရုံစိုက်၍ မရနိုင်ခဲ့ပါ။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ သန့်စင် ခန်းများ၊ ရေသွယ်မှုစနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေ ကြသော ကျောင်းသူကျောင်းသား(၂၄၃)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ထိုနည်းတူစွာ မရမ်းခွကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများသည် ၁၉၆၄ ခုနှစ်နှင့် ၁၉၈ဝ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ဆွေးမြည့်နေသောကျောင်းဆောင်နှစ်ဆောင်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါကျောင်းဆောင်များမှာ ခန်းဖွဲ့မရှိသော စာသင်ခန်းပုံစံများဖြစ်ပြီး အတန်းသုံးတန်းမှ ကျောင်းသူကျောင်းသားများ သည် ကျောင်းဆောင်တစ်ဆောင်ချင်းစီ၏ နေရာတစ်ခုတည်းတွင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ် သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် အရ စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြ သော ကျောင်းသူကျောင်းသား(၃၈၂)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8