
[၄ကြိမ်မြောက်ဂျပန်ပုံပြင်ဘာသာပြန်ပြိုင်ပွဲ]ကျင်းပခြင်း
![]() |
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသည် မြန်မာနိုင်ငံ၊ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)နှင့်ပူး ပေါင်းပြီး [၁၄ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ]နှင့်[၄ကြိမ်မြောက်ဂျပန်ပုံပြင်ဘာသာပြန်ပြိုင် ပွဲ]တို့ကိုကျင်းပသွားပါမည်။
မနှစ်ကအတိုင်း ဂျပန်ဘာသာအဆင့်မြင့်တန်းအတွက်(N2နှင့်အထက်)အ တွက်[ဂျပန်စာပေဘာသာပြိုင်ပွဲ]နှင့် အလယ်တန်းအဆင့်အတွက်[ဂျပန်ပုံပြင်ဘာသာပြန်ပြိုင်ပွဲ](N3 နှင့်အညီ)တစ်ပြိုင်တည်းကျင်းပပြီး ဂျပန်ဘာသာလေ့လာနေသူအများအပြားဝင်ရောက်ယှဉ်ပြိုင်နိုင် မည့်အခွင့်အရေးကို ပေးအပ်သွားပါမည်။
ထို့အပြင် [ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ]၏ ဆုရရှိသူမှာ ဆုရလက်မှတ်အပြင်၊ဆုပစ္စည်း(Electric Dicitionary နှင့် Mobile Phoneအစရှိသည်တို့ကို)ပေးအပ်သွားမည့်အပြင် အဆင့်၁မှအဆင့်၅အထိ ရရှိသောပြိုင်ပွဲဝင်များကို ဂျပန်ကိုသွားရောက်လေ့လာခွင့်အစီအစဉ်တွင် ဖိတ်ကြားသွားပါမည်(အချက်အလက်နှင့်ကိုက်ညီသူများသာ)။
ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူများအနေဖြင့် အောက်ပါအချက်များကို လေ့လာပြီးနောက် လျှောက်ထားနိုင်ပါသည်။ နောက်ဆုံးရလဒ်ကို ၂၀၁၉ခုနှစ်၊ဩဂုတ်လတွင်ကျင်းပရန်စီစဉ်ထားသည့် ဂျပန်စကားပြောပြိုင်ပွဲ၏ဆုပေးပွဲအခမ်းအနားတွင် ကြေညာပေးသွားပါမည်။
အများအပြားဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျှက်ရှိပါသည်။
၁။ကျင်းပမည့်နေ့ရက်
၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ၊၃ရက်နေ့(တနင်္ဂနွေနေ့)
၂။ပြိုင်ပွဲကျင်းပမည့်နေရာ
(၁)ရန်ကုန်မြို့
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
MAJA Education Centre
အမှတ် ၆၆(က)၊ သူရလမ်း၊ ၉ရပ်ကွက်၊ တောင်ဥက္ကလာပ၊ရန်ကုန်
(၂)မန္တလေးမြို့
MAJA Office (မန္တလေးရုံးခွဲ)
MABA ပထမထပ်၊ ရေလမ်း၊အပိုင်း(၁)/ ၆ရပ်ကွက်၊မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်ရပ်၊ မန္တလေး။
၃။ကျင်းပပြုလုပ်သည့်အဖွဲ့အစည်း၊ ပူးတွဲကူညီထောက်ပံ့သည့်အဖွဲ့အစည်း
ကျင်းပပြုလုပ်သည့်အဖွဲ့အစည်း
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ပူးတွဲကူညီထောက်ပံ့သည့်အဖွဲ့အစည်း
မြန်မာနိုင်ငံရှိ ဂျပန်ကုန်သည်များနှင့်စက်မှုလက်မှုအသင်း (JCCM) ၊ ရန်ကုန်ဂျပန်လူမျိုးအသင်း
၎။ပြိုင်ပွဲဝင်စည်းကမ်းချက်များ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ယခင် ဘာသာပြန်ပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသူမဖြစ်ရ။
(၃) ၁၈နှစ်ပြည့်ပြီး၊ ၃၅နှစ်မပြည့်သေးသောသူ ဖြစ်ရမည်။
(၄) ဂျပန်ဘာသာပြဆရာ၊ ဂျပန်စာသင်ကြားပြသဖူးသော အတွေ့အကြုံ ရှိသူ မဖြစ်ရ။
(၅) (က) ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ
ဂျပန်စာ N1 သို့ N2 အဆင့်ရှိသော အရည်အချင်းရှိသူ
(ခ) ဂျပန်ရှေးဟောင်းပုံပြင် ဘာသာပြန်ပြိုင်ပွဲ
ဂျပန်စာ N3နှင့် အောက် အဆင့်ရှိသော အရည်အချင်းရှိသူ
၅။လျှောက်ထားပုံ လျှောက်ထားနည်း
ဇန်နဝါရီလ ၂၀ရက်နေ့(တနင်္ဂနွေနေ့) မတိုင်မီ၊ လျှောက်လွှာတွင် လိုအပ်သောအချက်များကို ဖြည့်စွက်ပြီး၊ ဂျပန်စာ အသိအမှတ်ပြု အရည်အချင်းစစ် စာမေးပွဲ အောင်လက်မှတ်မိတ္တူ အစရှိသည့် ဂျပန်စာ အရည်အချင်းကို ဖော်ပြနိုင်သော စာရွက်စာတမ်းများနှင့်အတူ အောက်ပါ နေရာများသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(၁)ရန်ကုန်မြို့
အခန်း(၇၀၇)၊၇ လွှာ၊တိုက် စီ၊ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
လျှောက်လွှာတင်ချိန်။ နံနက်၉း၃၀မှနေ့လည်၁၂း၀၀အထိနှင့်နေ့လည်၁း၀၀မှညနေ၄း၀၀အထိ
(၂) မန္တလေးမြို့
Hito Centre
MABA ပထမထပ်၊ ရေလမ်း၊အပိုင်း(၁)/ ၆ရပ်ကွက်၊မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်ရပ်၊ မန္တလေး
လျှောက်လွှာတင်ချိန်။ နံနက်၉း၃၀မှနေ့လည်၁၂း၀၀အထိနှင့်နေ့လည်၁း၀၀မှညနေ၄း၀၀အထိ (တနင်္ဂနွေနေ့မှအပ)
ပြိုင်ပွဲလျှောက်လွှာများကို ဤနေရာတွင် download ဆွဲ ရယူနိုင်ပါသည်။
ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ လျှောက်လွှာ
ဂျပန်ရှေးဟောင်းပုံပြင် ဘာသာပြန်ပြိုင်ပွဲ လျှောက်လွှာ
၆။စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း။ ၀၉-၈၆၁၂၁၅၁၊ ၀၉-၈၆၁၃၈၄၈