၁။ ရန်ကုန်မြို့တွင်း အရေးပေါ် အမှိုက်စွန့်ပစ်မှု တိုးတက်ရေး စီမံခန့်ခွဲမှု စီမံကိန်းအ တွက် ဂျပန်ယန်း၆၂၄သန်း (အမေရိကန်ဒေါ်လာ၅.၅သန်းခန့်) တန်ဖိုးရှိသော အထောက်အပံ့ပေးရေး စာချွန်လွှာကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၁၈ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် UN-Habitat Myanmar ၏ ဌာနေ စီမံကိန်းမန်နေဂျာ Mr. Bijay Karmacharya တို့က စာချွန်လွှာကို လဲလှယ်ခဲ့ကြပါသည်။
၂။ ၂၀၁၈ခုနှစ် ဧပြီလအကုန်တွင် မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ ထိန်ပင်အမှိုက်ပုံ စီမံခန့်ခွဲမှုသင်တန်းနှင့် Fukuoka နည်းပညာ (semi-aerobic landfill system) မိတ်ဆက်ပေးမည့် ပစ္စည်းကိရိယာများ ထောက်ပံ့ရန်အတွက် ဤစီမံကိန်းကို UN-Habitat သည် Fukuoka City, Japan နှင့်ပူးပေါင်း၍၊ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းသည် အမှိုက်ပုံ ပြန်လည် မီးလောင်မည့် အန္တရာယ်မှ ကာကွယ်ပြီး လုံခြုံပြီး ရေရှည်တည်တံ့သော အမှိုက်စွန့်ပစ်ရေး စီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ခြင်းဖြင့် ရန်ကုန်မြို့တော်သူမြို့တော်သားများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။
၃။ ထို့အပြင် ဤစီမံကိန်းသည် သင့်တော်သော အမှိုက်စွန့်ပစ်မှုစနစ်ကို ထူထောင်ပြီး သမုဒ္ဒရာထဲသို့ ပလတ်စတစ် အမှိုက်များ စီးဝင်ခြင်းကို ကာကွယ်ခြင်းဖြင့် ပင်လယ်ပြင် ပလတ်စတစ် အမှိုက်သရိုက် ပြဿနာများကို ဖြေရှင်းရန်အတွက် အထောက်အကူ ပေးနိုင်မည်ဟုလည်း မျှော်လင့်ပါသည်။
![]() |
![]() |



No.100 Natmauk Road, Bahan Township, Yangon
01-549644~8