အရေးပေါ်အစီအစဥ်သစ်အရ ဂျပန်ယန်း သန်းငါးထောင်ကို သက်သာသောအတိုးနှုန်းထားဖြင့်
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သို့ ပံ့ပိုးကူညီခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရသည် COVID-19 ထိန်းချုပ်ရေးအစီအမံများကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် အလွန် အားရလျက်ရှိပါသည်။ ဂျပန်အစိုးရသည် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ပံ့ကူညီရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့ တွင် တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရသည် COVID -19 စီးပွားရေးထိခိုက်မှု သက်သာ ရေးစီမံချက် (COVID -19 Economic Relief Plan) အပါအဝင် အမျိုးမျိုးသောစီမံချက်များကို တက်တက်ကြွကြွ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် ဂျပန်နိုင်ငံအစိုးရအနေ ဖြင့် အထူး လေးစားဂုဏ်ယူမိပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ဤကဲ့သို့သော ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးကူညီသည့်အနေဖြင့် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises, SMEs) အတွက် စုစုပေါင်း ဂျပန်ယန်း သန်းငါးထောင်ခန့် တန် ဖိုးရှိသော အရေးပေါ်ချေးငွေအစီအစဥ်အသစ်ကို စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ အစီအစဥ်၏ ချေးငွေသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(ပို၍ အသေးစိတ် သိရှိလိုပါက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency (JICA) ) ၏ သတင်းထုတ်ပြန်ချက် ကို လေ့လာကြည့်ရှုနိုင်ပါသည်။)
(၁) အခြေပြုအတိုးနှုန်း။ ။ ၅.၅ ရာခိုင်နှုန်း
(၂) အကျုံးဝင်သည့်ကိစ္စရပ်များ။ ။ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital) သို့မဟုတ် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများအတွက် ရင်းနှီးမြှုပ်နှံမှု (Fixed Assets Investments)
(၃) သက်တမ်း။ ။ ၁ နှစ်မှ ၅နှစ်

ဂျပန်နိုင်ငံအစိုးရသည် COVID-19ရောဂါ တိုက်ဖျက်ရာတွင်သာမက နိုင်ငံတော်တည် ဆောက်ရေးနှင့် မြန်မာပြည်သူပြည်သားများအတွက် ကဏ္ဍအသီးသီးတွင်ပါ ထောက်ပံ့ကူညီမှုများ ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါသည်။