
ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ အထောက်အပံ့နှင့်ပတ်သက်၍ စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းတို့သည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Corona-virus Disease 2019, COVID-19) တိုက်ဖျက်ရေးစီမံချက်အတွက် ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၈.၁ သန်းခန့်) တန်ဖိုးရှိသည့် ဆေးဘက်ဆိုင်ရာ စက် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ရေးနှင့်ပတ်သက်၍ အထောက်အပံ့ဆိုင်ရာ စာချွန် လွှာများကို ဇွန်လ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပါသည်။
၂။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရက COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေးစီမံချက်ကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် အလွန် နှစ်သက်အားရလျက်ရှိပါသည်။ ထို့အပြင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကိုယ်ကျိုးစွန့်၍ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိ သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍမှ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်း အထူး လေးစား ဂုဏ်ယူမိပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ယခုကဲ့သို့သော မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် ကျန်းမာရေးနှင့်ဆေးကုသမှုကဏ္ဍ အပြင် စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များနှင့် ပတ်သက်၍ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပါသည်။
၃။ ဤစီမံကိန်းဖြင့် စုစုပေါင်း ဂျပန်ယန်း ၂ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့်) တန်ဖိုးရှိသည့် Radiography systems၊ ICU beds၊ Bedside/Central monitors စသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံများနှင့် ဓာတ်ခွဲခန်း များသို့ ပေးအပ်သွားမည်ဖြစ်ပါသည်။ COVID-19 အပါအဝင် ကူးစက်ရောဂါအသီးသီး၏ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စီမံချက်များအတွက် ခိုင်မာသည့် ဆေးဘက်ဆိုင်ရာပတ်ဝန်း ကျင်ကို အဆင်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ပြီး ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်၏ ပင်မကျောရိုးကို အဓိကပံ့ပိုးပေးမည့် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိ ယာများ ထောက်ပံ့ကူညီခြင်းသည် မြန်မာနိုင်ငံအစိုးရ၏ အဆိုပါကြိုးပမ်းမှုများကို မြှင့်တင် ပေးသည့်အပြင် အလွန် အရေးပါသည့်အတွက် ယခုတစ်ခေါက် အထောက်အပံ့ စီမံကိန်း သည် အဆိုပါစီမံချက်များကို အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
၄။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာပြည်သူပြည်သားများအတွက် ကဏ္ဍအသီး သီးရှိ ထောက်ပံ့ကူညီမှုများကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွားပါမည်။