အထောက်အပံ့စီမံကိန်း ၃ ခု နှင့် စပ်လျဥ်း၍ စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ် ဆင်းတို့သည် စုစုပေါင်း ဂျပန်ယန်း ၂၁၉၉ သန်း (အမေရိကန်ဒေါ်လာ ၂၀.၅ သန်းခန့်) ပမာဏရှိသော အထောက်အပံ့စီမံကိန်း ၃ ခု အတွက် စာချွန်လွှာများကို နေပြည်တော်၌ ဇူလိုင်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။

၂။ စီမံကိန်းအချက်အလက်များ
(၁) အထောက်အပံ့စီမံကိန်း “ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြု အချက်ပြကိရိယာ များ အဆင့်မြှင့်တင်ရေးစီမံကိန်း”
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရန်ကုန်ဆိပ်ကမ်းတွင် ကိုင်တွယ်ရသည့်ကုန်စည်ပမာဏလည်း မြင့် တက်လာပြီး အထူးသဖြင့် ကုန်သေတ္တာများကို ကိုင်တွယ်ရသည့်ပမာဏသည် ယခင်နှစ်ကထက် တစ်နှစ် ပျမ်းမျှ တိုးတက်နှုန်း ၁၇ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့ပါသည်။ သို့သော် ရန်ကုန်မြစ်ဝမှ ရန်ကုန်ဆိပ်ကမ်း အထိ ရေလမ်းကြောင်းသည် ကျဥ်းမြောင်းပြီး ရေအားပြင်းထန်သည့်အပြင် ရေလမ်းကြောင်းအချက်ပြကိရိယာ များ မပြည့်စုံခြင်းနှင့် ရေလမ်းကြောင်းထိန်းချုပ်မှုစနစ် မဖွံ့ဖြိုးခြင်းတို့ကြောင့် ရေကြောင်းဖြင့်သွားလာခြင်းသည် အလွန် အန္တရာယ်များပြီး သင်္ဘောချင်းတိုက်ခြင်း၊ သောင်တင်ခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ ထို့အ ပြင် ညအချိန် ရေကြောင်းသွားလာရေးအတွက် အထောက်အကူပြုအဆောက်အအုံများ မဖွံ့ဖြိုးမှုကြောင့် တစ်နေ့ လျှင် ၁ကြိမ် နေ့လယ် ဒီရေတက်ချိန်၌သာ ရေကြောင်းဖြင့်သွားလာရန် ကန်သတ်ထားခြင်းစသည့် ရန်ကုန်ဆိပ် ကမ်းသို့ ချိတ်ဆက်မှု ပတ်ဝန်းကျင်အဆင့်မြှင့်တင်ရေးသည် အရေးပေါ်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။
ဤစီမံကိန်းဖြင့် ရေကြောင်းအချက်ပြကိရိယာများ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ပြီး သင်္ဘောများလုံ ခြုံစိတ်ချရမှုမြှင့်တင်ရန်နှင့် ရေကြောင်းအသွားအလာများတိုးမြှင့်နိုင်ရန်အတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံတွင်း နှင့်ပြည်ပသို့ ချိတ်ဆက်မည့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။
(ပေးအပ်သည့်အများဆုံးပမာဏ ဂျပန်ယန်း ၁၃၉၉ သန်း)

(၂) ရေသန့်စင်စက်ကိရိယာများ ပေးအပ်ခြင်းမှတစ်ဆင့် သန့်ရှင်း၍ စိတ်ချရသည့် ရေဖြန့်ဖြူးပေးရေး အထောက်အပံ့စီမံကိန်း
မန္တလေးမြို့သည် လူဦးရေ ၁၅ သိန်းကျော်ရှိသော မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော်ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝပြီး မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သည့် မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ သို့သော် မန္တလေးမြို့၏ ပျမ်းမျှရေပေးဝေမှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၌ရှိနေပြီး အဆိုပါမြို့၏ ၂၀၄၀ ပြည့်နှစ်အထိ လူဦးရေ တိုးတက်မှုနှုန်းသည် နှစ်စဥ် ၁.၆၅ ရာခိုင်နှုန်း ဖြစ်မည်ဟု ခန့်မှန်းထားကာ အဆိုပါအချက်အလက်များအရ လက်ရှိ အဓိကရေအရင်းအမြစ်ဖြစ်သည့် တွင်းရေ အပြင် ရေသန့်စင်ခြင်းဖြင့် ရေရရှိရန်ဆောင်ရွက်သွားခြင်းက အရေးပေါ်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။
ထိုကဲ့သို့သောအခြေအနေများအရ ဤစီမံကိန်းဖြင့် ရေသန့်စင်ရေးဆိုင်ရာအဆောက်အအုံများကို အ ဆင့်မြှင့်တင်ပြီး အဆိုပါမြို့၏ အောင်မြေသာစံမြို့နယ်အရှေ့ပိုင်းနှင့်အနောက်ပိုင်းကို အဓိကထားကာ ရေနှင့်သန့် ရှင်းရေးကဏ္ဍကို မြှင့်တင်သွားရန် ရည်ရွယ်ပါသည်။
( ပေးအပ်သည့်အများဆုံးပမာဏ ဂျပန်ယန်း သန်း ၇၀၀)

(၃) မော်တော်ယာဥ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းမှတစ်ဆင့် လုံခြုံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအထောက်အပံ့စီမံကိန်း
ဤစီမံကိန်းဖြင့် ပြည်သူများ၏လုံခြုံရေးအတွက် စောင့်ရှောက်ရာတွင် အသုံးပြုရန် မော်တော်ယာဥ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများကို ထောက်ပံ့ပေးပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုံခြုံရေးဆိုင်ရာစွမ်း ရည်များကို မြှင့်တင်ပေးကာ လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်လျက် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
( ပေးအပ်သည့်အများဆုံးပမာဏ ဂျပန်ယန်း သန်း ၁၀၀)