ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ် ဆင်းတို့သည် စုစုပေါင်း ဂျပန်ယန်း ၆၂၇ သန်း တန်ဖိုးရှိသော “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့စီမံကိန်း” အတွက် စာချွန်လွှာ များကို ၂၀၂၀ပြည့်နှစ် ဇူလိုင် လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
၂။ “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့စီမံကိန်း” အချက်အလက်များ
(၁) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့စီမံကိန်းက အနာဂတ်တွင် တိုင်းပြည်ကို ဦး ဆောင်ကြမည့် လူငယ်ပိုင်းအစိုးရအရာရှိများ ဂျပန်နိုင်ငံတွင် မဟာဘွဲ့၊ ပါရဂူဘွဲ့အတွက် ပညာများ လေ့ လာဆည်းပူးနိုင်ပြီး လိုအပ်သည့် ကျွမ်းကျင်မှုနှင့်အသိပညာဗဟုသုတများရယူနိုင်ရန် ပံ့ပိုးကူညီပေးပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ပြီး လူ့အဖွဲ့အစည်းကွန်ရက်တစ်ခုကို တည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမို တိုးတက်ခိုင်မာလာ စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။
(၂) မြန်မာနိုင်ငံ၌ ဤစီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ပညာတော်သင်ကျောင်းသား စုစုပေါင်း ၅၄၅ ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ်ပြီးဖြစ်ပါသည်။
![]() |
![]() |

.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8