ဂျပန်နိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားလျက်ရှိသော မြန်မာနိုင်ငံသားများသို့

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ ဂျပန်နိုင်ငံသို့သွားရောက်ရန် စိတ်၀င်စားမှုရှိကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

သြဂုတ်လ ၂၇ ရက်နေ့ (ကြာသပတေး)၊ စက်တင်ဘာလ ၃ ရက်နေ့ (ကြာသပတေး) နှင့် စက်တင်ဘာလ ၁၀ ရက်နေ့ (ကြာသပတေး) တွင် မြန်မာနိုင်ငံသို့ပြန်လာရန် ဆန္ဒရှိကြသော မြန်မာနိုင်ငံသားများအတွက် Narita မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဥ် (Relief Flight) ခရီးစဥ်များ ပျံသန်းရန် အစီအစဥ်ရှိပါသည်။ အပြန်လေယာဥ်အဖြစ် သြဂုတ်လ ၂၈ ရက်နေ့ (သောကြာ)၊ စက်တင်ဘာလ ၄ ရက်နေ့ (သောကြာ) နှင့် စက်တင်ဘာလ ၁၁ ရက်နေ့ (သောကြာ) အသီးသီးတို့တွင် ရန်ကုန်မြို့မှ Narita သို့ All Nippon Airways (ANAလေကြောင်းလိုင်း) ပျံသန်းရန် အစီအစဥ်ရှိပါသောကြောင့် အောက်ပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံသို့ရောက်ရှိချိန် ပြည်၀င်ခွင့် စစ်ဆေးရာတွင် ဂျပန်ပြည်တွင်းသို့ ၀င်ရောက်ရန် ငြင်းပယ်ခံရနိုင်ခြေကို ရှောင်ရှားနိုင်ရန်အတွက် ဤကယ်ဆယ်ရေးလေယာဥ်များဖြင့် လိုက်ပါလိုသူများသည် ဂျပန်သံရုံးကောင်စစ်ဌာနနှင့် ကြိုတင်၍ ဆက်သွယ် ဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ သြဂုတ်လ ၂၇ ရက်နေ့ (ကြာသပတေး)၊ စက်တင်ဘာလ ၃ ရက်နေ့ (ကြာသပတေး) နှင့် စက်တင်ဘာလ ၁၀ ရက်နေ့ (ကြာသပတေး) တွင် မြန်မာနိုင်ငံသို့ ပြန်လာရန် ဆန္ဒရှိကြသော မြန်မာနိုင်ငံသားများအတွက် Narita မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဥ် (Relief Flight) ခရီးစဥ်များကို All Nippon Airways (ANAလေကြောင်း လိုင်း) က ပျံသန်းရန် အစီအစဥ်ရှိပါသည်။ အပြန်လေယာဥ်အဖြစ် သြဂုတ်လ ၂၈ ရက်နေ့ (သောကြာ)၊ စက်တင်ဘာလ ၄ ရက်နေ့ (သောကြာ) နှင့် စက်တင်ဘာလ ၁၁ ရက်နေ့ (သောကြာ) အသီးသီးတို့တွင် ရန်ကုန်မြို့မှ Narita သို့ ANA လေယာဥ်အမှတ် NH814 (ရန်ကုန်မြို့မှ ထွက်ခွါချိန်သည် ၂၁း၄၅ နာရီ ဖြစ်ပြီး Narita သို့ ဆိုက်ရောက်ချိန်သည် နောက်တစ်နေ့နံနက် ၇း၀၀ နာရီ ဖြစ်ပါသည်) က ပျံသန်းရန်စီစဥ်နေသောကြောင့် အောက်ပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ဤကယ်ဆယ်ရေးလေယာဥ်တွင် ဂျပန်နိုင်ငံသားများအပြင် သက်တမ်းကျန်ရှိနေသေးသော ပြည်ပြန်၀င်ခွင့် ခွင့်ပြုချက် “Re-Entry Permit” (အထူးပြည်ပြန်၀င်ခွင့် ခွင့်ပြုချက် “Special Re-Entry Permit အပါအ၀င်) ဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွါလာသူ မြန်မာနိုင်ငံသားများ စီးနင်းလိုက်ပါနိုင်မည် ဖြစ်ပါသည်။

(သတိပြုရန်) သို့ရာတွင် လက်ရှိအချိန်အထိ ထုတ်ပေးထားသော တစ်ကြိမ်ပြည်၀င်ခွင့် “Single Entry” နှင့် အကြိမ်ကြိမ်ပြည်၀င်ခွင့် “Multiple Entry” ဗီဇာများ၏ အကျိုးသက်ရောက်မှုကို သြဂုတ်လကုန်အထိ ဆက်လက်ရပ်ဆိုင်းထားပါသည်။ အဆိုပါအကျိုးသက်ရောက်မှုရပ်ဆိုင်းခြင်းကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးခဲ့မည်ဆိုပါက မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ထုတ်ပေးထားသော ဂျပန်ပြည်၀င်ခွင့်ဗီဇာကို အသုံးပြု၍ ယခုတစ်ခေါက်လေယာဥ်ဖြင့် စီးနင်းလိုက်ပါကာ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း သတိပြုစေလိုပါသည်။

၂။ ယခုလောလောဆယ် အောက်ဖော်ြပပါ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ဝက်ဆိုက်တွင် လက်မှတ်ကြိုတင်မှာယူနိုင်ပါသည်။
https://www.ana.co.jp/en/mm/
※Pulldown ဖော်ပြချက်「စျေးနှုန်းဦးစားပေးရွေးချယ်ချက် “Fares with lower prices”」ကို 「ဘွတ်ကင်ကိုအပြောင်းအလဲလုပ်နိုင်သည့် စျေးနှုန်း ”Fares which are eligible for reservation changes”」သို့ပြောင်းမှသာ ဘွတ်ကင်တင်နိုင်သောထိုင်ခုံ ပေါ်လာမည်ဖြစ်သောကြောင့် သတိပြုစေလိုပါသည်။

၃။ ထို့ပြင် ဂျပန်နိုင်ငံသို့ ၀င်ရောက်သောအခါ ပြည်၀င်ခွင့်စစ်ဆေးမှုရလဒ်အရ ပြည်ဝင်ခွင့်ငြင်းပယ် ခံရနိုင်ခြေကို ရှောင်ရှားရန် ဤလေယာဥ်ဖြင့် လိုက်ပါလိုသူများသည် ဂျပန်သံရုံးကောင်စစ်ဌာနနှင့် ဆက်သွယ် တိုင်ပင်စေလိုပါသည်။ ထို့ပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်အနေဖြင့် မြန်မာနိုင်ငံမှ လာရောက် သူများသည် မည်သည့်နိုင်ငံသားမဆို မိမိနေအိမ်စသည့် သီးသန့်နေရာများတွင် ၁၄ ရက်ကြာ နေထိုင်ရမည် ဖြစ်ပြီး ထိုကာလအတွင်း ဂျပန်နိုင်ငံရှိ အများပြည်သူသုံးလမ်းပန်း ဆက်သွယ်ရေးယာဥ်များကို အသုံးပြု၍မရပါသဖြင့် သတိပြုနိုင်ပါရန် တင်ပြအပ်ပါသည်။ ဂျပန်နိုင်ငံ၏ ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက် အသေးစိတ်ကို အောက်ပါဝက်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။
https://www.mofa.go.jp/ca/fna/page4e_001053.html

၄။ အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်၍ မရှင်းလင်းသောအချက်အလက်များရှိပါက ဂျပန်သံရုံး ကောင်စစ်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : ၉၅-၁-၅၄၉၆၄၄~၈
အီးမေးလ် : ryoji@yn.mofa.go.jp