 
					|  | 
					မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် - ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး 
[၂၁ ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ] ကိုကျင်းပသွားပါမည်။ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင် ကျင်းပမည့် ပဏာမအဆင့် ရွေးချယ်ပွဲတွင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်၁၅ဦးမှာ အောက်တိုဘာလ ၁၇ရက်နေ့ (စနေနေ့) တွင် ကျင်းပမည့် စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြပါမည်။
ဆုရရှိသူများကို တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်ပြီး  ပထမဆုရရှိသူသည် အာဆီယံနိုင်ငံများမှ ဆုရရှိသူများအားလုံး ဂျပန်နိုင်ငံတွင် စုဝေးမည့်ပွဲကို တက်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိပါမည်။
စိတ်ပါဝင်စားသူများအနေဖြင့်   ဆက်ဆက်ပါဝင် ယှဉ်ပြိုင်ပေးကြပါရန်နှင့် ပြိုင်ပွဲဝင် အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအပေါ်မူတည်၍ အွန်လိုင်းဖြင့် ကျင်းပခြင်းစသည့် အစီအစဥ်ပြောင်းလဲခြင်းများ၊ ရပ်နားခြင်းများရှိနိုင်ပါသည်။
(၁)မန္တလေးမြို့
၂၀၂၀ခုနှစ်၊အောက်တိုဘာလ ၄ရက် (တနင်္ဂနွေနေ့)
(၂)ရန်ကုန်မြို့
၂၀၂၀ခုနှစ်၊အောက်တိုဘာလ ၁၀ရက် (တနင်္ဂနွေနေ့)
※ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ လာရောက်ရမည့်အချိန်ကို သီးခြားအကြောင်းကြားပါမည်။
၂။ ပဏာမ စစ်ဆေးရွေးချယ်မည့် နေရာ
(၁) မန္တလေးမြို့
MAJA မန္တလေးရုံးခွဲ (MABA Centre အတွင်း) ပထမထပ်၊ရေလမ်း၊Block-1၊Unit 6၊မင်္ဂလာမန္တလေး၊ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
(၂) ရန်ကုန်မြို့
MAJA ရုံးခန်း (အမှတ်၂ ဘီ၊ Snow Garden Housing ၊သုမင်္ဂလာလမ်း၊နှင်းဆီကုန်း အပိုင်း -က၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့ )
၃။ စီစဉ်သူ၊ ကူညီပံ့ပိုးသူ
(၁)စီစဉ်သူ
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် - ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
(၂)ကူညီပံ့ပိုးသူ
မြန်မာနိုင််ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ရန်ကုန်ဂျပန်လူမျိုးများအသင်း၊ဂျပန်-မြန်မာအသင်း၊ ဂျပန်ပြည်ပစီးပွားရေးလုပ်ငန်းများအသင်း။
၄။ လျှောက်ထားနိုင်မည့်သူ
(၁) မြန်မာနိုင်ငံသားဖြစ်ပြီး အသက်၁၆နှစ်မှ ၃ဝနှစ်အတွင်းရှိသူ ဖြစ်ရမည်။
(၂) ဂျပန်ဘာသာပြဆရာ၊ဆရာမ မဖြစ်စေရ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါဝင်ပါ။)
(၃) ယခင်ကကျင်းပခဲ့သော စကားပြောပြိုင်ပွဲများတွင် ဆုရရှိဖူး (ပထမဆုမှ တတိယဆုအတွင်း) သူမဖြစ်ရ။
၅။ လျှောက်ထားနိုင်မည့်နည်းလမ်းများ
သြဂုတ်လ ၂၀ရက်နေ့ (ကြာသပတေးနေ့) မှ စက်တင်ဘာလ ၁၁ရက်နေ့ (သောကြာနေ့) အတွင်း လျှောက်လွှာတွင်လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီး အောက်ပါမေးလ်သို့ လျှောက်ထားနိုင်ပါသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
event.maja.ygn@gmail.com
※ လျှောက်လွှာကို ဤနေရာမှလည်း Download ရယူနိုင်ပါသည်။
(၂၁ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ)
၆။ ပဏာမရွေးချယ်ခြင်း
ပြိုင်ပွဲနေ့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေါင်းစဉ်ဖြင့် လက်တွေ့ပြောကြားပြီးနောက်တွင် ဒိုင်များ၏ အမေးအဖြေနှင့်အတူ ပဏာမ ရွေးချယ်ပါမည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၏ စံနှုန်းကို ကိုးကား၍ အမှတ်အများဆုံး ၁၅ဦးမှ နောက်ဆုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရပါမည်။
၇။ အခြား
(၁) ပဏာမရွေးချယ်မှုအဖြေကို ပြိုင်ပွဲဝင်များကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးပါမည်။ ထို့အပြင် ပွဲစီစဉ်သူများ၏ Facebook စာမျက်နှာတွင်လည်း ကြေညာပေးသွားပါမည်။
(၂) စကားပြောပြိုင်ပွဲကျင်းပမည့် အစီအစဉ်ကို သီးခြားကြေညာသွားမည်ဖြစ်ပါသည်။
၈။ စုံစမ်းရန်
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း။ ၀၉-၈၆၁၂၁၅၁၊ ၀၉-၂၆၂၆၀၂၁၂၁

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8