၁။ သြဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် Mr. MARUYAMA Ichiro နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်( United Nations Development Programme, UNDP) မြန်မာနိုင်ငံရုံး၏ တာဝန်ခံအရာရှိ၊ ဒုတိယဌာနေ ကိုယ် စားလှယ် Ms. Dawn Del Rio တို့သည် ဂျပန်ယန်း ၁၈၁ သန်း တန်ဖိုးရှိသော “ရွေးကောက်ပွဲ အကူအညီပေးရေးစီမံကိန်း” အထောက်အပံ့နှင့် ပတ်သက်သည့် စာချွန်လွှာကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။
၂။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ တတိယအကြိမ် မြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်စီစဥ်ထားပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲကို ကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေး အ တွက် အရေးကြီးသောခြေလှမ်းဖြစ်ပါသည်။
၃။ ထိုကဲ့သိုသော အခြေအနေများတွင် ဤစီမံကိန်းအရ UNDP နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ တစ် ဝန်းရှိ မဲရုံများအတွက် အလွယ်တကူ ဖျက်ပစ်၍မရသော မင်ရည်များ ပေးအပ်ပြီး မဲဆန္ဒရှင်များ တစ်ကြိမ်ထပ်ပို၍မဲပေးခြင်းကို ကာကွယ်တားဆီးနိုင်ရန် အသုံးပြုခြင်းဖြင့် တရားမျှတပြီး ပွင့် လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။
၄။ ဂျပန်နိုင်ငံအစိုးရသည် ယခင်တစ်ခေါက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာအရေးအဖွဲ့များ စေလွှတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခု ဒုတိယအကြိမ် မြောက် ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။ ယခုတစ်ခေါက် ထောက်ပံ့သည့်စီမံကိန်းမှတစ်ဆင့် လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ပံ့ပိုးကူညီပြီး နောက်ပိုင်းတွင်လည်း မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်များကို အစွမ်းကုန် ဘက်ပေါင်းစုံမှ ဆက် လက် ပံ့ပိုးကူညီသွားပါမည်။
![]() |
![]() |

.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8