ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့်) တန်ဖိုးရှိသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အပံ့စီမံကိန်းအတွက် ဝယ်ယူထားသည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို သယ်ဆောင်လာသည့်လေယာဥ်သည့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သြဂုတ်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် ရောက်ရှိခဲ့ပါသည်။
ယခုတစ်ခေါက် လွှဲပြောင်းပေးအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများသည် ICU Beds၊ Syringe pump နှင့် Suction pump ၁၀စုံစီဖြစ်ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသားများသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်ကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် အလွန် နှစ်သက်အားရလျက်ရှိပြီး ယခုကဲ့သို့သော မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် Radiography systems၊ ICU beds၊ Bedside/Central monitors စသည့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာ များကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံများနှင့် ဓာတ်ခွဲခန်းများသို့ ပေးအပ်သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ဝယ်ယူပြီးစီးသည်နှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သာ မက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍ အသီးသီးတွင် ပံ့ပိုးကူညီမှုများကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွားပါမည်။
![]() |


No.100 Natmauk Road, Bahan Township, Yangon
01-549644~8