အမေရိကန်ဒေါ်လာ သန်း ၂၈၀ ခန့် တန်ဖိုးရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019, COVID-19) ဆိုင်ရာ အကျပ်အတည်းများ တုံ့ပြန်ဆောင်ရွက်ရေးအတွက် အရေးပေါ်အထောက်အပံ့ချေးငွေကို မြန်မာနိုင်ငံသို့ ပေးအပ်ရန် စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်း
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ ရက်

၁။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် Mr. MARUYAMA Ichiro နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့သည် မြန်မာနိုင်ငံ၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019, COVID-19) ဆိုင်ရာ အကျပ်အတည်းများကို တုံ့ပြန် ဆောင်ရွက်ရန်အတွက် အရေးပေါ် ဘက်ဂျက် အထောက်အပံ့အဖြစ် ဂျပန်ယန်း ၃၀ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂၈၀ ခန့်) တန်ဖိုးရှိသော “လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019, COVID-19) ဆိုင်ရာ အကျပ်အတည်းများတုံ့ပြန်ဆောင်ရွက် ရေး အရေးပေါ်အထောက်အပံ့ချေးငွေ (ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအစီအစဥ်ဆိုင်ရာချေးငွေ)” နှင့်ပတ်သက်သည့် စာချွန်လွှာကို လက်မှတ်ရေးထိုးလဲ လှယ်ခဲ့ကြပါသည်။

၂။ မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးအစီအမံများကို မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသူနိုင်ငံသားများ ကြိုးပမ်းအားထုတ်၍ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့် အထူး လေး စားဂုဏ်ယူမိပါသည်။ ဤချေးငွေဖြင့် မြန်မာနိုင်ငံအတွက် ဘက်ဂျက် အထောက်အပံ့ကို ပေးအပ်ပြီး မြန်မာနိုင်ငံ COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID -19 Economic Relief Plan) အပါအဝင် COVID-19 ရောဂါနှင့်ပတ်သက်သည့် စီးပွားရေးစီမံချက် များကို ပံ့ပိုးကူညီပါမည်။ ထို့အပြင် ဤချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အခြေခံအဆောက်အအုံများအတွက် သင့်လျော်ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် အတွက် လိုအပ်သောမူဝါဒများနှင့် အဖွဲ့အစည်းများကို ဖွံ့ဖြိုးတိုးတက်စေပြီး မြန်မာနိုင်ငံ၏ လူမှု စီးပွားရေးအခြေအနေ သက်ဝင်လှုပ်ရှားလာစေရန် ရည်ရွယ်ပါသည်။

၃။ ချေးငွေသတ်မှတ်ချက်များ
(၁) အတိုးနှုန်း - နှစ်စဉ် ၀.၀၁ ရာခိုင်နှုန်း
(၂) ချေးငွေကာလ နှစ် ၄၀ (ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင်)
(၃) နှောင်ကြိုးမပါဝင်သောဝယ်ယူခြင်း

၄။ ဂျပန်နိုင်ငံအစိုးရသည် COVID-19 ရောဂါတိုက်ဖျက်ရာတွင်သာမက နိုင်ငံတော်တည် ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင်ပါ ထောက်ပံ့ကူညီမှု များကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါသည်။