
Online မှကျင်းပသွားမည့် ၂၁ ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များခေါ်ယူခြင်း
(လျှောက်ထားချိန်ကာလကို စက်တင်ဘာလ ၂၅ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခြင်း)
(လျှောက်ထားချိန်ကာလကို စက်တင်ဘာလ ၂၅ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခြင်း)
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် - ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး "၂၁ ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ" ကိုကျင်းပသွားပါမည်။ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ပဏာမ စစ်ဆေးရွေးချယ်ခြင်း ၊ ပြိုင်ပွဲကျင်းပခြင်းများကို Onlineမှ ကျင်းပသွားပါမည်။ဆုရရှိသူများကို တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်ပြီး ထူးချွန်ဆုရရှိသူသည် အာဆီယံနိုင်ငံများမှ ဆုရရှိသူများအားလုံး ဂျပန်နိုင်ငံတွင် စုဝေးမည့်ပွဲကို တက်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက်ပါဝင် ယှဉ်ပြိုင်ပေးကြပါရန်နှင့် ပြိုင်ပွဲဝင်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။
၁။ ပဏာမစစ်ဆေးရွေးချယ်ခြင်း ၊ ပြိုင်ပွဲကျင်းပခြင်း(၁)ပဏာမစစ်ဆေးရွေးချယ်ခြင်း
၂၀၂၀ခုနှစ်၊အောက်တိုဘာလ ၁၀ရက် (စနေနေ့)
(၂)ပြိုင်ပွဲကျင်းပခြင်း
၂၀၂၀ခုနှစ်၊အောက်တိုဘာလ ၁၇ရက် (စနေနေ့)
Online မှကျင်းပရာတွင် Zoom Application ကိုအသုံးပြုမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရမည့် အချိန်များနှင့် ပတ်သက်ပြီး အသေးစိတ်ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ပါသည်။
၂။ စီစဉ်သူ၊ ကူညီပံ့ပိုးသူ
(၁) စီစဉ်သူ
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် - ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
(၂) ကူညီပံ့ပိုးသူ
မြန်မာနိုင််ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ရန်ကုန်ဂျပန်လူမျိုးများအသင်း၊ဂျပန်-မြန်မာအသင်း၊ ဂျပန်ပြည်ပစီးပွားရေးလုပ်ငန်းများအသင်း။
၃။ လျှောက်ထားနိုင်မည့်သူ
(၁) မြန်မာနိုင်ငံသားဖြစ်ပြီး အသက်၁၆နှစ်မှ ၃ဝနှစ်အတွင်းရှိသူ ဖြစ်ရမည်။
(၂) ဂျပန်ဘာသာပြဆရာ၊ဆရာမ မဖြစ်စေရ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါဝင်ပါ။)
(၃) ယခင်ကကျင်းပခဲ့သော စကားပြောပြိုင်ပွဲများတွင် ဆုရရှိဖူး (ပထမဆုမှ တတိယဆုအတွင်း) သူမဖြစ်ရ။
၄။ လျှောက်ထားရမည့် နည်းလမ်း
စက်တင်ဘာလ ၂၅ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား၍ လျှောက်လွှာတွင်လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီး အောက်ပါမေးလ်သို့ လျှောက်ထားနိုင်ပါသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
event.maja.ygn@gmail.com
※ လျှောက်လွှာကို ဤနေရာမှလည်း Download ရယူနိုင်ပါသည်။
(၂၁ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ)
၅။ ပဏာမရွေးချယ်ခြင်း
(၁) ပြိုင်ပွဲနေ့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေါင်းစဉ်ဖြင့် လက်တွေ့ပြောကြားပြီးနောက်တွင် ဒိုင်များ၏ အမေးအဖြေနှင့်အတူ ပဏာမ ရွေးချယ်ပါမည်။
အမှတ်အများဆုံးရရှိသူသည် စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။
(၂) ပဏာမရွေးချယ်မှုအဖြေကို ပြိုင်ပွဲဝင်များကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးပါမည်။ ထို့အပြင် ပွဲစီစဉ်သူများ၏ Facebook စာမျက်နှာတွင်လည်း ကြေညာပေးသွားပါမည်။
၆။ စုံစမ်းရန်
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း။ ၀၉-၄၂၈၆၁၂၁၅၁၊ ၀၉-၂၆၂၆၀၂၁၂၁