ကောင်စစ်ဌာနဖွင့်လှစ်ချိန် လျော့ချကြောင်း အသိပေးကြေညာခြင်း (22nd September)


မြန်မာနိုင်ငံအတွင်းနေထိုင်သော ဂျပန်လူမျိုးများသို့
မြန်မာနိုင်ငံအတွင်းနေထိုင်သူများသို့

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်


၁။ မြန်မာနိုင်ငံတွင် Coronavirus ကူးစက်ပြန့်ပွားမှု ဆက်လက်ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကူးစက်ရောဂါကာကွယ်ရန်နှင့် ကောင်စစ်ဌာန၏ လုပ်ငန်းဆောင်တာများကို ရေရှည် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာလ ၂၃ရက်(ဗုဒ္ဓဟူးနေ့)မှစတင်၍ ကောင်စစ်ဌာနဖွင့်လှစ် ချိန်ကို အောက်ပါအတိုင်း လျော့ချသွားမည်ဖြစ်ပါသည်။ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါသည်။

၂။ ကောင်စစ်ဌာနဖွင့်ရက် (သံရုံးပိတ်ရက်များမှအပ)

တနင်္လာနေ့မှ သောကြာနေ့ (အပြောင်းအလဲမရှိပါ)

၃။ ကောင်စစ်ဌာနဖွင့်ချိန် ပြောင်းလဲခြင်း

(၁) ဂျပန်လူမျိုးများ၏ နိုင်ငံကူးလက်မှတ်၊ ထောက်ခံစာ နှင့် အမျိုးမျိုးသောကိစ္စရပ်များ တိုင်ပင်ဆွေးနွေးရန်
(ယခု) နံနက်၈း၃၀ မှ နေ့လယ် ၂နာရီအထိ (ယခင်ထက် ၂နာရီလျော့ချထားသည်။)
(ယခင်) နံနက်၈း၃၀ မှ ညနေ ၄နာရီအထိ

(၂) ဗီဇာ
(ယခု) ဗီဇာလျှောက်ထားရန် : နံနက်၉နာရီမှ ၁၁နာရီ (ကြိုတင်ရက်ချိန်းယူစနစ်ဖြင့်)
ဗီဇာထုတ်ရန်၊ ထပ်မံလိုအပ်သောစာရွက်စာတမ်းများတင်ရန် : နေ့လယ်၂နာရီမှ ၃နာရီ
(ယခင်) ဗီဇာလျှောက်ထားရန် : နံနက်၉နာရီမှ ၁၁နာရီ (ကြိုတင်ရက်ချိန်းယူစနစ်ဖြင့်)
ဗီဇာထုတ်ရန် နှင့် ထပ်မံလိုအပ်သော စာရွက်စာတမ်းများတင်ရန် : နေ့လယ်၂နာရီမှ ၄နာရီ

၄။ ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူခြင်းနှင့်ပတ်သက်၍

COVID-19ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရန်အတွက် ဗီဇာလျှောက်ထားသည့် ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်နှင့် သံရုံးသို့လာရောက်သော ဧည့်သည်များအကြားတွင် သတ်မှတ် အကွာအ၀ေးထားရှိမှု လိုက်နာနိုင်ရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့မှစတင်၍ ဗီဇာလျှောက်ထားရန် ဖုန်းဖြင့်ကြိုတင်ရက်ချိန်းယူရသည့်စနစ်ကို ကျင့်သုံးလျှက်ရှိပါသည်။

(၁) ကြိုတင်ရက်ချိန်းယူရန်ဖုန်းနံပါတ်
ကြိုတင်ရက်ချိန်းယူရန်အတွက် အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်ပြီး ဗီဇာလျှောက်ထားမည့် နေ့ရက်နှင့်အချိန်ကို ဘွတ်ကင်ယူရန် မေတ္တာရပ်ခံပါသည်။ သို့ရာတွင် အီးမေးလ်၊ ဖက်စ်တို့ဖြင့် ဘွတ်ကင် ယူခြင်းကို လက်ခံမည်မဟုတ်ပါ။
ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူရမည့်ဖုန်းနံပါတ် (အင်္ဂလိပ်ဘာသာ/မြန်မာဘာသာဖြင့်)
09-501-2203/ ②09-2509-54553

(၂) ကြိုတင်ရက်ချိန်းယူရန်နည်းလမ်း
ဗီဇာလျှောက်ထားမှုအတွက် ကြိုတင်ဘွတ်ကင်ကို မိမိလျှောက်ထားမည့်ရက်မတိုင်မီ ၃ ရက် (ရုံးဖွင့်ရက်) ကြိုတင်ယူရပါမည်။ ဘွတ်ကင်အချိန်များကို အောက်ပါအတိုင်း ၁ မှ ၃ အထိ အုပ်စု ၃ ခု ခွဲထားသောကြောင့် မိမိနှစ်သက်ရာအချိန်ကို ကြိုတင်ဘွတ်ကင်ယူနိုင်ပါသည်။ အကယ်၍ ကြိုတင်ဘွတ်ကင်မယူထားပါက သံရုံးသို့လာရောက်သော်လည်း ဗီဇာလျှောက်ထား၍ မရပါ။ ထို့ပြင် လျှောက်ထားသူများ စောင့်ဆိုင်းသည့်အခန်းအတွင်း လူစုလူဝေးဖြစ်ခြင်းကို ရှောင်ရှားရန် လျှောက်ထားသူနှင့် အတူလိုက်ပါလာသောသူများအား သံရုံးအတွင်း ဝင်ခွင့်မပြုခြင်းများလည်း ရှိနိုင်ပါသ ဖြင့် နားလည်ပေးနိုင်ပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

တနင်္လာနေ့တွင် ကြာသပေတေးနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။
(၁။ ၀၉း၀၀ မှ ၀၉း၃၀ ၂။ ၀၉း၃၀ မှ ၁၀း၃၀ ၃။ ၁၀း၃၀ မှ ၁၁း၀၀)

အင်္ဂါနေ့တွင် သောကြာနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။
(၁။ ၀၉း၀၀ မှ ၀၉း၃၀ ၂။ ၀၉း၃၀ မှ ၁၀း၃၀ ၃။ ၁၀း၃၀ မှ ၁၁း၀၀)

ဗုဒ္ဓဟူးနေ့တွင် လာမည့်သီတင်းပတ်၏တနင်္လာနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။
(၁။ ၀၉း၀၀ မှ ၀၉း၃၀ ၂။ ၀၉း၃၀ မှ ၁၀း၃၀ ၃။ ၁၀း၃၀ မှ ၁၁း၀၀)

ကြာသပတေးနေ့တွင် လာမည့်သီတင်းပတ်၏အင်္ဂါနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။
(၁။ ၀၉း၀၀ မှ ၀၉း၃၀ ၂။ ၀၉း၃၀ မှ ၁၀း၃၀ ၃။ ၁၀း၃၀ မှ ၁၁း၀၀)

သောကြာနေ့တွင် လာမည့်သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့အတွက် ကြိုတင်ဘွတ်ကင်ကို လက်ခံပါမည်။
(၁။ ၀၉း၀၀ မှ ၀၉း၃၀ ၂။ ၀၉း၃၀ မှ ၁၀း၃၀ ၃။ ၁၀း၃၀ မှ ၁၁း၀၀)

(၃) ကြိုတင်ရက်ချိန်းယူရန်အချိန်
တနင်္လာနေ့မှ သောကြာနေ့ (သံရုံးပိတ်ရက်မှအပ) နံနက် ၉ နာရီမှ နေ့လယ် ၄ နာရီအထိ (နေ့လယ် ထမင်းစားချိန် ၁၂း၃၀ မှ ၁၃း၃၀ အတွင်းနှင့် အထက်ဖော်ပြပါ အချိန်အတွင်းမှလွဲ၍ ကျန်အချိန်များတွင် ကြိုတင်ဘွတ်ကင်ယူခြင်းကို လက်ခံမည် မဟုတ်ပါ။)

၅။ သတိပြုရန်

သံရုံးအလုပ်ချိန် (နံနက် ၈း၃၀နာရီမှ ၁၂း၃၀နာရီ၊ နေ့လယ် ၁း၃၀နာရီမှ ၅း၁၅နာရီ)သည် အပြောင်းအလဲမရှိပါ။ ထို့ပြင် အခြေအနေပေါ်မူတည်၍ အပြောင်းအလဲများ ထပ်မံရှိနိုင်သည့်အတွက် သံရုံးသို့မလာရောက်မီ သံရုံး၏ အင်တာနက်စာမျက်နှာတွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို ၀င်ရောက်ဖတ်ရှုစေလိုပါသည်။

ဆက်သွယ်မေးမြန်းရန် : ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
ဖုန်းနံပါတ် : ၉၅-၁-၅၄၉၆၄၄~၈