
ဂျပန်အစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်အရ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့အဖြစ် စုစုပေါင်းအမေရိကန်ဒေါ်လာ(၉၅၉,၅၃၂)ကို အောက်ဖော်ပြပါ စီမံကိန်း(၇)ခုအတွက် ပေးအပ်ခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား(၇)ခုကို ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလ အတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တတိယအတွင်း၀န် Ms. SEKINE Suzumi တို့ တက်ရောက်ခဲ့ကြပါသည်။
လယ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခုနှစ်က တည်ဆောက်ခဲ့သည့် ကျောင်းဆောင်တစ်ဆောင်သည် ဆိုးရွားစွာ ဆွေးမြည့်ပျက်စီးလျက်ရှိပါသည်။ ထို့ပြင် အခြား ကျောင်းဆောင်(၂)ဆောင်မှာ ၀ါးနှင့် သက်ငယ်မိုးများဖြင့် ဆောက်လုပ်ထားသော ယာယီဆောင်များ ဖြစ်ကြသောကြောင့် မိုးရာသီတွင် မိုးယိုသောြပဿနာရှိခဲ့ပါသည်။ ဤကဲ့သို့ အခြေအနေများရှိနေသော် လည်း သင့်လျော်သာစာသင်ခန်းများ မရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် အဆိုပါ ကျောင်း ဆောင်များတွင် ပညာသင်ကြားနေကြရပါသည်။ အဆိုပါအခြေအနေများကြောင့် ကော်မတီသည် ကျောင်းသူကျောင်းသားများအတွက် လုံခြုံစိတ်ချရသော ကျောင်းပတ်၀န်းကျင်တစ်ခု ဖြစ်လာစေရန် အလွန်မျှော်လင့်လျက်ရှိကြပြီး ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်ကို တောင်းဆိုခဲ့ကြပါသည်။ ဂျပန်အစိုးရက သင့်တင့်လျောက်ပတ်သော ကျောင်းပတ်၀န်းကျင်တစ်ခု ဖြစ်လာ စေရန် အမေရိကန်ဒေါ်လာ(၁၃၅,၉၀၆)တန်ဖိုးရှိသည့် စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါ၀င်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။
စီမံကိန်း(၇)ခု၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စီမံကိန်းအမည် | အကျိုးခံစားခွင့်ရှိသူဦးရေ | ရံပုံငွေပမာဏ |
---|---|---|
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၉၆၈ | အမေရိကန်ဒေါ်လာ ၂၁၆,၀၆၉ |
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာ လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း | ၂၅,၀၀၀ | အမေရိကန်ဒေါ်လာ ၁၇၂,၈၄၈ |
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်ပင်ဂရက် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၆၂၀ | အမေရိကန်ဒေါ်လာ ၁၃၇,၅၇၇ |
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း | ၄၁၄ | အမေရိကန်ဒေါ်လာ ၁၃၅,၉၀၆ |
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်မဆင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၈၇ | အမေရိကန်ဒေါ်လာ ၁၃၅,၀၁၇ |
ဧရာ၀တီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ရပ်သာကြီး ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း | ၃၄၉ | အမေရိကန်ဒေါ်လာ ၇၆,၇၀၂ |
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၅၄၀ | အမေရိကန်ဒေါ်လာ ၈၅,၄၁၃ |
အမေရိကန်ဒေါ်လာ ၉၅၉,၅၃၂ |
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်ဖြင့် ၁၉၉၃ ခု နှစ်မှစတင်၍ စီမံကိန်းပေါင်း(၉၁၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၇၉)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂၀၀)ခုနှင့် လူမှုဖူလုံရေးနှင့် ပတ်၀န်းကျင် စီမံကိန်းပေါင်း(၁၄၀)ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်း ပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |