(၁၁) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒို တံခွန်စိုက်ပြိုင်ပွဲ နှင့် (၁၆) ကြိမ်မြောက် ဂျပန်ဖလား ဂျူဒို တံခွန်စိုက်ပြိုင်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း

COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ရေးနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ ကျန်းမာရေးကို အလေးပေး စဉ်းစားသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့အစည်းတို့အနေနှင့် ၂၀၂၀ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသော(၁၁) ကြိမ်မြောက် ဂျပန်ဖလားကရာတေးဒိုတံခွန်စိုက်ပြိုင်ပွဲနှင့် (၁၆) ကြိမ်မြောက်ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲများ ရွှေ့ဆိုင်းလိုက်ကြောင်းကို ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။

ပြိုင်ပွဲနှစ်ခုစလုံးအတွက် အားသွန်ခွန်စိုက် ကြိုးစားပြင်ဆင်ခဲ့ကြသော အားကစားသမားအားလုံးနှင့် ကျွမ်းကျင်မှုမြင့်မား၍ စိတ်ဓာတ်ရေးရာကြံ့ခိုင်ကြသော ထိုအားကစားသမားများ၏ အင်တိုက်အားတိုက်ယှဥ်ပြိုင်မှုများကို ကြည့်ရှုအားပေးရန် မျှော်လင့်စောင့်စားနေကြသော ကရာတေးနှင့်ဂျူဒို အားကစားပရိသတ်များကိုလည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ဤအခက်အခဲကိုအားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှားပြီး လာမည့်နှစ်တွင် ပြိုင်ပွဲနှစ်ခုစလုံးကျင်းပနိုင်ရန်၊ ပိုမိုကျွမ်းကျင်၊ကြံ့ခိုင်လာမည့် အားကစားသမားများနှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိပါသည်။
အတူတူကြိုးစားကြပါစို့!