
၁။ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019, COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့်တန်ဖိုးရှိသော ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအစိုးရက ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services, UNOPS) နှင့်ပူးပေါင်းကာ ဝယ်ယူထားသော ဆေးဘက် ဆိုင်ရာစက်ပစ္စည်းကိရိယာများသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (National Health Laboratory) သို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။
၂။ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများသည် PCR စက်များ နှင့် PCR နည်းပညာဖြင့်စစ်ဆေးမှုအတွက် လက်ပ်တော့ပ်ကွန်ပျူတာများဖြစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ သို့ အဆိုပါစက်ပစ္စည်းကိရိယာများကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၃။ ယခုအထောက်အပံ့သည် ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရ၏ လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019, COVID-19) ကူးစက်ပျံ့နှံ့မှုကို ထိန်း ချုပ်ရန်ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services, UNOPS) နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့် တန်ဖိုးရှိသော အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများဝယ်ယူ ရန်အတွက် ပံ့ပိုးပေးသည့် အထောက်အပံ့စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဝယ်ယူပြီးစီးသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ မြန်မာနိုင်ငံသို့ရောက်ရှိသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံ အစိုးရသို့ ဆက်တိုက် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
၄။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဤအထောက်အပံ့ဖြင့် Testing Kits၊ RNA extraction kits, molecular biological grade ethanol ကဲ့သို့သော ဓာတ်ခွဲပစ္စည်းများ (Reagents) နှင့် အထူး ကြပ်မတ်ကုသဆောင် (ICU Facilities) များအတွက် power supply units and generators တို့ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့စီမံကိန်းအရ ဂျပန်နိုင်ငံအစိုးရအနေဖြင့် လူနာတင်ယာဥ်များ၊ medical waste management disposal systems၊ centrifuges နှင့် autoclaves များကို ဆက်လက် ဝယ်ယူ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရသို့ ဆက်တိုက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။
၅။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ပါ ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။
![]() |
![]() |