
“ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (အပိုင်း-၃)” ဆိုင်ရာ စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (နောက်တွင် “ မြန်မာနိုင်ငံ”) ၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့သည် စုစုပေါင်း တန်ဖိုး ဂျပန်ယန်း ၄၂,၇၇၉ သန်းရှိသော ချေးငွေစီမံကိန်းနှစ်ခုဖြစ်သည့် “ အရှေ့-အနောက်စီးပွားရေးစင်္ကြံ အမြန်လမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ပဲခူး-ကျိုက်ထိုလမ်းပိုင်း) နှင့် “ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်း (အပိုင်း-၃)” တို့၏ စာချွန်လွှာများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။ အဆိုပါစီမံကိန်းများနှင့်ပတ်သက်သည့် အကြောင်းအရာအကျဥ်းချုပ်မှာ အောက်ပါအ တိုင်းဖြစ်ပါသည်။
စီမံကိန်းအကျဥ်းချုပ်
(၁) အရှေ့-အနောက် စီးပွားရေးစင်္ကြံ အမြန်လမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ပဲခူး-ကျိုက် ထိုလမ်းပိုင်း)
(အများဆုံးထောက်ပံ့မှုပမာဏ ဂျပန်ယန်း ၂၇, ၇၇၉ သန်း (အမေရိကန် ဒေါ် လာ ၂၆၅ သန်းခန့်))
အရှေ့-အနောက်စီးပွားရေးစင်္ကြံသည် ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ကို ဖြတ်သန်းသွားသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံကို ကုန်း ကြောင်းဖြင့် ဆက်သွယ်ပေးသည့် အဓိကလမ်းမကြီးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏသည် ဆက်လက် မြင့် တက်လာမည်ဟုခန့်မှန်းရပြီး ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏စွမ်းဆောင်ရည်ကို မြှင့်တင် ရန်အတွက် အရှေ့-အနောက်စီးပွားရေးစင်္ကြံကို အဆင့်မြှင့်တင်သွားရန်လိုအပ်ပါသည်။ ထို့ အပြင် မြန်မာနိုင်ငံတွင် အဆင့်မြှင့်တင်ပြီးစီးသည့် လမ်းများနှင့်တံတားများကို ပြုပြင်ထိန်း သိမ်းရန်အတွက် ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော အင်ဂျင်နီယာ အများအပြား အ လျင်အမြန် လိုအပ်လျက်ရှိပါသည်။ ထို့အတွက် ဟောင်းနွမ်းလျက်ရှိပြီဖြစ်သော မြန်မာ နိုင်ငံ၏ အဓိကလေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ရှိ အဆောက်အအုံနှင့် ပစ္စည်းကိရိယာများကို ပြန်လည်ပြုပြင်ရန်မှာ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။
ဤစီမံကိန်းသည် ယာဥ်အသွားအလာ တဟုန်ထိုး များပြားလာမည်ဟု ခန့်မှန်းရ သည့် အရှေ့-အနောက်စီးပွားရေးစင်္ကြံတွင်ပါဝင်ပြီး မကြာမီ ပဲခူး-ကျိုက်ထိုလမ်းပိုင်းတွင် အသစ်တည်ဆောက်မည့်မြို့ရှောင်လမ်းပေါ်တွင် တံတားအသစ်တစ်စင်းတည်ဆောက်သွား မည်ဖြစ်ပြီး လမ်းများနှင့်တံတားများ ပြုပြင်ထိန်းသိမ်းသည့်စနစ်ကို မြှင့်တင်ရန်အတွက် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ပါသည်။ ဤသို့တံတား ဆောက်လုပ်ခြင်းနှင့် သင်တန်းကျောင်းပြန်လည်ပြုပြင်ခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုမို ဖွံ့ဖြိုးတိုးတက်စေပြီး မြန်မာ နိုင်ငံ၏ ရေရှည် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါသည်။
(၂) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (အပိုင်း-၃)
(အများဆုံးအထောက်အပံ့ပမာဏ ဂျပန်ယန်း ၁၅, ၀၀၀ သန်း (အမေရိ ကန် ဒေါ် လာ ၁၄၄ သန်းခန့်)
မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းအရင်းအနှီးများကို ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးငွေများဖြင့် ဖြည့်ဆည်းသော်လည်း ချေးငွေစည်းမျဥ်းအကန့်အသတ်များကြောင့် ယခင် ထက်ပို၍ အခက်အခဲများ ရင်ဆိုင်နေကြရပါသည်။ လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (New Coronavirus Disease 2019, COVID-19) ကူးစက်ပျံ့နှံ့မှုကြောင့် ငွေ အရင်းအနှီးမရှိသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ များစွာ ထိခိုက်ခဲ့ရ ပါသည်။
ဤစီမံကိန်းအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အပေါင် ပစ္စည်းဆိုင်ရာစည်းမျဥ်းများကို ဖြေလျှော့ထားသော ကာလလတ်နှင့်ကာလရှည်ချေးငွေ များဖြင့် အရင်းအနှီးများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ စွမ်း ရည်မြှင့်တင်ရန်အတွက်လည်း ပံ့ပိုးကူညီသွားပါမည်။ ထို့အပြင် ဤစီမံကိန်းသည် မြန်မာ နိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးကြားခံလုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေချောမွေ့ရေးနှင့် အဆိုပါလုပ်ငန်း များ၏ ထုတ်လုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့နိုင်ရန်ရည်ရွယ်ပါသည်။ ဤစီမံကိန်းသည် COVID-19 ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်နှင့် တည်ငြိမ် စေရန်၊ နိုင်ငံ၏ စက်မှုနှင့် စီးပွားရေးကဏ္ဍ ပြည့်စုံမှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအခြေအနေကို ထိန်းသိမ်းထားနိုင်ရန်နှင့် အခွင့်အလမ်းအသစ်များပေါ် ပေါက်စေရန်အတွက် ပံ့ပိုးကူညီပါသည်။
၂။ ချေးငွေစည်းမျဥ်းများ
(၁) အတိုးနှုန်း ။ ။ တစ်နှစ်လျှင် ၀.၀၁ ရာခိုင်နှုန်း
(၂) ပြန်ဆပ်ရမည့်ကာလ ။ ။ နှစ် ၄၀ ( ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင်)
(၃) ဝယ်ယူရေးဆိုင်ရာ သတ်မှတ်ချက်။ ။ General Untied
![]() |
![]() |