
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် နိုဝင်ဘာလ၂၁ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ)ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်ပူးပေါင်းပြီး (၂၁)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကို ဂျပန်လူမျိုးများအသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ဂျပန်-မြန်မာအသင်းနှင့်ဂျပန် ပြည်ပစီးပွာရေး လုပ်ငန်းရှင်များ အသင်းတို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်သည့်အနေဖြင့် စကားပြောပြိုင်ပွဲကို Online မှကျင်းပရန် စီစဥ်ခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းမှ ဂျပန်စာ စိတ်ဝင်စားသူ အများအပြားက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်ကို အားရဖွယ်မြင်တွေ့ရပါသည်။ ပဏာမရွေးချယ်ပွဲတွင် အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြပြီးနောက်တွင် ပြိုင်ပွဲဝင် (၁၅)ဦးက စကားပြောပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို Onlineမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအပြီးတွင် အကဲဖြတ်ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေးစည်းမျဥ်းများအတိုင်း အကဲဖြတ်အမှတ်ပေးခဲ့ကြပါသည်။
(၂၁)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရရှိသူများကို အောက်ပါအတိုင်းကြေညာအပ်ပါသည်။
ပထမဆု မခင်မေကြူ"ဂျူဒိုလက်ရွေးစင်ကျွန်မနှင့် ဂျပန်စာ၏အားသာချက်"
.jpg)
"အားလုံးကို ပျော်ရွှင်စေလိုသောကျွန်မ၏ဆန္ဒ"
.jpg)
"ဂျပန်ပညာတော်သင်သွားခြင်းမှ ရခဲ့သောအကျိုးကျေးဇူး"
.jpg)
"ယုံကြည်မှုကိုကိုင်ဆောင်ပြီးအသစ်အသစ်သောအရာများကို ကြိုးစားကြည့်ကြပါစို့"
.jpg)
"ဥပဒေကျောင်းသူတစ်ယောက်၏ အတွေး"
.jpg)
ခက်ခဲသောအခြေအနေများကြားမှ ဂျပန်စာကိုကြိုးစားသင်ယူရင်း ရည်မှန်းချက်ပန်းတိုင်ဆီသို့ အင်တိုက်အားတိုက် လျှောက်လှမ်းနေကြသော ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှုများကို စကားပြောပြိုင်ပွဲနှင့် သက်ဆိုင်သော တာဝန်ရှိသူများအားလုံးကပါ လေးလေးနက်နက် ခံစားခဲ့ကြပါသည်။ ထူးချွန်ဆုမရရှိသော ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှု အကြောင်းအရာများသည်လည်း လက်ရှိအခြေအနေကို ထင်ဟပ်ပြသနေသည့် ထူးခြားပြီး အဆင့်မြင့်မားသော အကြောင်းအရာများဖြစ်ပါသည်။ (၂၁)ကြိမ်မြောက်ဂျပန်စကားပြောပြိုင်ပွဲ ကျင်းပခဲ့ပုံကို ကြီးမှူးကျင်းပသော အဖွဲ့အစည်းများ၏ Facebook နှင့် Youtube များမှ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ပါသောကြောင့် ဆက်ဆက် အားပေးကြည့်ရှုစေလိုပါသည်။ ထုတ်လွှင့်မည့်ရက်ကို ကြီးမှူးကျင်းပသော အဖွဲ့အစည်းများ၏ Facebook မှ ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။
![]() |