 
					 
					
	မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှုစင်တာတို့ နှင့်ပူးပေါင်းပြီး 
(၁၆) ကြိမ်မြောက်  ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲကို ကြီးမှူးကျင်းပသွားမည်ဖြစ်ပါသည်။ 
	ယခုနှစ်မှ စတင်ပြီး ဘာသာပြန် ပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျွမ်းကျင်အဆင့်အတွက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ နှင့် အခြေခံအဆင့် ဂျပန်စာလေ့လာနေသူများအတွက် 
အငယ်တန်းအဆင့် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲဟူ၍ ခွဲခြား ကျင်းပသွားမည်ဖြစ်ပါသည်။  ဆုရရှိသူများကို ဂုဏ်ပြုဆုလက်မှတ်နှင့်အတူ  ဆုလက်ဆောင်များလည်း ပေးအပ်သွားမည်ဖြစ်ပြီး 
ဖိတ်ခေါ်အစီအစဥ် သက်မှတ်ချက်များနှင့် ကိုက်ညီသူများအားဂျပန်နိုင်ငံသို့ အလည်အပတ်ဖိတ်ခေါ်သွားမည် ဖြစ်ပါသည်။ ယခုနှစ်တွင် Online မှကျင်းပသွားမည် ဖြစ်သောကြောင့် 
ဂျပန်နိုင်ငံတွင် နေထိုင်နေကြသော မြန်မာလူမျိုးများလည်း ပါဝင်ယှဥ်ပြိုင်နိုင်ပါသည်။ 
ပါဝင်ယှဉ်ပြိုင်လိုသူများအနေနှင့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၏ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁။ ကြီးမှူးကျင်းပသည့် အဖွဲ့အစည်းများ 
ကြီးမှူးကျင်းပသည့် အဖွဲ့အစည်း
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)၊ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှုစင်တာ။
ပံ့ပိုးကူညီသည့် အဖွဲ့အစည်း
 
 မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ရန်ကုန် ဂျပန်လူမျိုး အသင်း၊ ဖူကူအိုကာမြို့။
၂။ လျှောက်လွှာတင်နည်း
လျှောက်လွှာတင်ရမည့် ကာလ
 ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ ( အင်္ဂါနေ့)မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့ ( အင်္ဂါနေ့) အထိ
လျှောက်လွှာတင်နည်း
အောက်ပါလင့်ခ်မှ လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSfdsTv2Pd9Qb4UdX90ybYuuuipcJO56KKlg8ERc_f4UnqdiQA/viewform?usp=pp_url
၃။ ပြိုင်ပွဲဝင်စည်းကမ်းချက်များ
(က) ကျွမ်းကျင်အဆင့်အတွက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ 
ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားရမည်ဖြစ်ပါသည်။
ပြန်ဆိုရမည့် အကြောင်းအရာကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့  (တနင်္လာနေ့)တွင် ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းမှ ပါဝင်ယှဥ်ပြိုင်သူများထံသို့ 
မေးလ်ဖြင့် တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။
ဘာသာပြန်ဆိုပြီးပါက ပြန်ဆိုထားသော စာမူကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့ (တနင်္လာနေ့)နောက်ဆုံးထား၍ မေးလ်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။
အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။
 
(ခ) အငယ်တန်းအဆင့် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ
လွယ်ကူရိုးရှင်းသော ဂျပန် ရိုးရာပုံပြင်များကို ဘာသာပြန်ဆိုရမည်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့   Zoom Online System ဖြင့် ၃နာရီကြာ( မနက်၉နာရီမှ နေ့လယ် ၁၂နာရီအထိ) ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရမည်
ဖြစ်ပါသည်။
ပြန်ဆိုရမည့် အကြောင်းအရာကို မေးလ်ဖြင့် တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်သူများသည် အသက်၂၅နှစ်အောက် ဖြစ်ရပါမည်။
၄။ လမ်းညွှန်ချက်
လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်ပြီး   ဤလမ်းညွှန်ချက် ကို ကြည့်ရှုနိုင်ပါသည်။
၅။ ရုံးခန်းနှင့် စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)
Email : event.maja@gmail.com
ဆက်သွယ်ရန် 09 262602121, 09 428612151

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8