ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရထံသို့ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ (X-Ray စက်များ) ထောက်ပံ့ပေးအပ်ခြင်း
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်

ဂျပန်ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၁ သန်းခန့်) တန်ဖိုးရှိသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အပံ့စီမံကိန်းအရ ဝယ်ယူထားသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယခုတစ်ခေါက် လွှဲပြောင်းပေးအပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ သည် mobile X-Ray စက် ၁၀ လုံးနှင့် Syringe pump နှင့် Suction pump အလုံး ၁၀၀စီ ဖြစ် ပြီး အဆိုပါစက်ပစ္စည်းကိရိယာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူး Mr. TAKIMI Kazuyuki က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာခင်သီတာအေး (Dr. Khin Thida Aye, Deputy Director) ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ COVID-19 ရောဂါကူးစက်ပျံ့နှံမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် Radiography systems၊ ICU beds၊ Bedside/Central monitors စသည့် ဆေးဘက် ဆိုင်ရာစက်ပစ္စည်းကိရိယာများကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံများနှင့် ဓာတ်ခွဲခန်းများသို့ ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ ဆက်လက်၍လည်း ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာ များကို ဝယ်ယူပြီးစီးသည်နှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရထံသို့ လွှဲပြောင်းပေးအပ်သွား မည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကဏ္ဍ အသီးသီးတွင် ပံ့ပိုးကူညီမှုများကိုပါ ဆက်လက်၍ အစွမ်းကုန် ဆောင်ရွက်သွားပါမည်။