
၂ဝ၂၀ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. MARUYAMA Ichiro နှင့် ရခိုင်ပြည်နယ်၊ မောင်တောြမို့နယ်၊ ပြည်သူ့ဆေးရုံကိုယ်စားလှယ်တို့သည် “ရခိုင်ပြည်နယ်၊ မောင်တောြမို့နယ်၊ ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေးစီမံကိန်း”အတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်အရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၇၆,၈၄၀) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် သံအမတ်ကြီး မစ္စတာ မာရုယာမာသည် ရခိုင်ပြည်နယ်သို့သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံ၍ ၎င်းဒေသတွင် ဆေးကုသမှုဆိုင်ရာဝန်ဆောင်မှုများ အရည်အသွေးမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးသည် တစ်ချို့ လူနာဆောင်များနှင့် ဆက်စပ်ပစ္စည်းများ မလုံလောက် သောကြောင့် ၎င်းဆေးရုံ၏ လူနာဆောင်များနှင့် ဆက်စပ်ပစ္စည်းများ အရည်အသွေးမြှင့်တင်ခြင်းထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ သံအမတ်ကြီး သည် ဆေးရုံမြှင့်တင်ရေးနှင့် ထောက်ပံ့မှုများကို ပြုလုပ်ရန်ချက်ချင်း ကတိပြုခဲ့ပါသည်။
လက်ရှိမောင်တောြမို့နယ်ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာဆောင် မရှိသောကြောင့် အတွင်းလူနာဆောင်ရှိ ကျဥ်းကျပ်သောနေရာတစ်နေရာ ကို ပြင်ပလူနာများအတွက် အသုံးပြုနေရပါသည်။ ထို့အပြင် အထူးကြပ်မတ်ကုသဆောင်လည်း မရှိသေးသောကြောင့် အရေးပေါ်လူနာများ သည် တစ်ခြားလူနာများနှင့်အတူတကွ ဆေးကုသမှုခံယူနေရပါသည်။ အထူးကြပ်မတ်ကုသဆောင်ရှိသော အနီးဆုံးဆေးရုံသည် မောင်တောြမို့မှ ကားဖြင့် ၄ နာရီခန့်သွားရသော စစ်တွေမြို့တွင်ရှိပါသည်။ သင့်လျော်သော ဆေးရုံသုံးပစ္စည်းများနှင့် လူနာဆောင်မရှိခြင်းကြောင့် လူနာများ အထူးသဖြင့် အရေးပေါ်လူနာများကိုဆေးကုသရာတွင် ကန့်သတ်ချက်များစွာဖြစ်စေပါသည်။ ၎င်းအခြေအနေအရ မောင်တောြမို့နယ်ပြည်သူ့ဆေးရုံ၏ ပြင်ပလူနာ၊ အရေးပေါ်လူနာဆောင် နှင့် အထူးကြပ်မတ်ကုသဆောင် ဆောက်လုပ်ခြင်းနှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း စီမံချက်ရေးဆွဲခဲ့ပြီး ဂျပန်သံရုံးက ထိုမေတ္တာရပ်ခံချက်ကို လက်ခံအတည်ပြုခဲ့ပါသည်။ ဤစီမံကိန်းကြောင့် လူဦးရေ ၁ သိန်းကျော်သည် အကျိုးခံစားနိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း (၉၃၂) ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၉၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း (၂ဝ၁) ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄၁)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို မြန်မာပြည်သူပြည်သားများ၏ နေထိုင်မှု အဆင့်အတန်းမြှင့်တင်မှုအတွက် တိုက်ရိုက်အကျိုးသက်ရောက်စေရန် ရည်ရွယ်ပြီးထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။