
၁။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ် Mr. MARUYAMA Ichiro နှင့် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုမှ ကိုယ်စားလှယ်များဖြစ် ကြသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Ms. Alessandra Dentice နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဥ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior တို့သည် စုစုပေါင်း ဂျပန်ယန်း ၉၉၅ သန်း (အမေရိကန်ဒေါ်လာ ၉.၄ သန်းခန့်) တန်ဖိုးရှိသော အထောက် အပံ့ စီမံကိန်းများအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
၂။ စီမံကိန်းအနှစ်ချုပ်
(၁) ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာ လူထုများအတွက် ကျန်းမာရေး၊ ရေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး(WASH) နှင့် ပညာရေးဆိုင်ရာအထောက်အပံ့စီမံကိန်း
(အထောက်အပံ့ပမာဏစုစုပေါင်း။ ။ ဂျပန်ယန်း ၄၉၈ သန်း (အမေရိကန်ဒေါ်လာ ၄.၇ သန်း ခန့်)
ဤစီမံကိန်းသည် UNICEF နှင့် ပူးပေါင်း၍ ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံရသည့်တိုင်းဒေ သကြီးနှင့် ပြည်နယ်များဖြစ်သော မြန်မာနိုင်ငံ ရခိုင်၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် ပဋိပက္ခ များကြောင့်ဖြစ်ပွားသည့် ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုများ၊ ရာသီဥတုအပြောင်းအလဲနှင့် ရှုပ် ထွေးသောအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့်စွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် ဒဏ်ခံ နိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။ ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုများ သည် ကလေးမွေးဖွားခြင်း၊ အသက်ငါးနှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များအတွက် ကျန်မာရေးဝန်ဆောင်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး ထိခိုက်အလွယ်ဆုံးသူများ အကြား ကာကွယ်နိုင်သောရောဂါများ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ကို လျှော့ချ ရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။ ရေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး လှုပ်ရှားမှုများသည် အထူးသဖြင့် လိုအပ်သူများအတွက် လုံခြုံစိတ်ချရပြီး သင့်တင့်သော စျေးနှုန်းဖြင့် လုံလောက်သော WASH ဝန်ဆောင်မှုများကို ညီတူညီမျှ ရရှိစေရန်၊ အသုံးပြုနိုင် စေရန်နှင့် လက်ဆေးခြင်းနှင့် တစ်ခြားကောင်းမွန်သောအလေ့အကျင့်များကို တိုးတက်ရန် ရည် ရွယ်ပါသည်။ ပညာရေးဆိုင်ရာလှုပ်ရှားမှုများသည် အထူးသဖြင့် ပဋိပက္ခဒဏ်ခံစားရပြီး ချို့ငဲ့ သော ကလေးများအတွက် လုံခြုံစိတ်ချရပြီး သင့်တင့်ကောင်းမွန်ကာ အကာကွယ်ပေးထား သော ပညာသင်ကြားရေးပတ်ဝန်းကျင်များတွင် အားလုံးအကျုံးဝင်ပြီး အရည်အသွေးပြည့်မီ သော ပညာရေးပံ့ပိုးပေးရန်နှင့် လူငယ်များပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
(၂) ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာ လူထုများအတွက် အာဟာရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း
(အထောက်အပံ့ပမာဏ စုစုပေါင်း။ ။ ဂျပန်ယန်း ၄၉၇ သန်း (အမေရိကန်ဒေါ်လာ ၄.၇ သန်း ခန့်)
ဤစီမံကိန်းသည် WFP နှင့် ပူးပေါင်း၍ ရခိုင်၊ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ချင်းပြည် နယ်ကဲ့သို့သော ပဋိပက္ခဒဏ်ခံရသည့်ဒေသများတွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် စားနပ်ရိက္ခာထောက်ပံ့မှုမလုံလောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာလူထုများ၏ ကိုယ်အားကိုယ်ကိုးစနစ်ကို ပံ့ပိုး ကူညီပေးရန် ရည်ရွယ်ပါသည်။
အဓိကလှုပ်ရှားမှုများတွင် စားနပ်ရိက္ခာများနှင့် ကျောင်းအစားအစာများ ထောက်ပံ့ ခြင်း၊ ဆည်မြောင်းနှင့် ရေနုတ်မြောင်းများ ပြုပြင်ခြင်းတို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ အာဟာရ အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။ ဤစီမံကိန်း အရ ကယ်ဆယ်ရေးအထောက်အပံ့များမှတစ်ဆင့် လူဦးရေ ၁၃၈,၈၀၀ ပါဝင်သော အကျိုးခံ စားခွင့်ရှိသူများ၊ အာဟာရဖြည့်တင်းခြင်းဆိုင်ရာ အထောက်အပံ့များမှတစ်ဆင့် ကိုယ်ဝန် ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်နှင့် အသက် ၅ နှစ်အောက်ကလေးငယ် ၃၁,၀၅၀ ဦးနှင့် အရင်း အနှီးရင်းမြစ်ဖော်ဆောင်မှုစီမံချက်မှတစ်ဆင့် လူဦးရေ ၂၀,၀၀၀၊ စားနပ်ရိက္ခာအထောက်အပံ့ မှတစ်ဆင့် HIV/TB လူနာ ၁,၄၀၀ နှင့် ကျောင်းတွင်းအစားအစာကျွေးခြင်းအစီအစဉ် မှတစ်ဆင့် မူလတန်းကျောင်းမှ ကလေးသူငယ် ၁၉၇,၀၀၀ ဦးတို့အား အထောက်အပံ့များ ပေး အပ်ရန် ရည်ရွယ်ပါသည်။
၃။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက် ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။
![]() |
|
![]() |
![]() |
Ambassador Maruyama (EoJ), Mr. Prior (WFP) and Ms. Dentice (UNICEF) |