
၂၀၁၉-၂၀၂၀ ဂျပန်အစိုးရဘဏ္ဍာရေးနှစ်အတွင်း ဂျပန်အစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်အရ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် လိုအပ်ချက်ရှိသော ပြည်နယ်(၅)ခုနှင့် တိုင်းဒေသကြီး(၆)ခုရှိ မြန်မာပြည်သူများထံသို့ စုစုပေါင်းအမေရိကန်ဒေါ်လာ (၄,၄၉၇,၁၄၃) ကျပ် (မြန်မာငွေ ၆,၇၄၅ သန်းကျပ်ခန့် )ကို အောက်ဖော်ပြပါ စီမံကိန်း (၂၈) ခုအတွက် ပေးအပ်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. MARUYAMA Ichiro နှင့် တောက်ပံ့မှုကိုလက်ခံရရှိမည့် အဖွဲ့အစည်းများအသီးသီးမှကိုယ်စားလှယ်များတို့သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်းတွင် အောက်ဖော်ပြပါ စီမံကိန်း (၂၈) ခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ပြည်နယ်/ တိုင်းဒေသကြီး | စီမံကိန်းအမည် | ရံပုံငွေပမာဏ (အမေရိကန်ဒေါ်လာ) |
---|---|---|
ကချင်ပြည်နယ် | ||
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၂၁၅,၂၇၄ | |
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်၊ မံစီအခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း | ၂၆၆,၃၁၅ | |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၂၂၄,၆၉၀ | |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၁၇၀,၆၆၆ | ကရင်ပြည်နယ် |
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခနိမ်းဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၆၄,၄၄၂ | ချင်းပြည်နယ် |
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထိန်းကြန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၉၉,၅၁၂ | |
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖာရ်တလန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း | ၁၂၉,၇၄၅ | |
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေး စီမံကိန်း | ၁၉၉,၅၆၀ | |
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်ပီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၁၂၇,၄၂၂ | |
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထိန်းလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၉၈,၇၇၅ | စစ်ကိုင်းတိုင်းဒေသကြီး |
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ တောင်တောကျေး ရွာအခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၁၀၉,၂၄၄ | |
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ချောင်းဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၉၉,၅၉၃ | |
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မျက်နီကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း | ၁၀၇,၀၅၇ | ပဲခူးတိုင်းဒေသကြီး |
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြေကန်အသင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၈၀,၈၁၆ | |
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သံဒင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၅၁,၇၈၄ | |
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၉၀,၈၉၅ | |
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၁၆၀,၀၄၅ | မကွေးတိုင်းဒေသကြီး |
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မင်းတည်းစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၈၅,၄၃၈ | |
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဘိစပ်ကုန်းကျေးရွာ ကိုင်း(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၂၅,၇၂၆ | |
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း | ၁၅၄,၀၁၂ | မန္တလေးတိုင်းဒေသကြီး |
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၅၄,၅၈၆ | |
မန္တလေးမြို့တော်အမှိုက်သိမ်းစနစ်တိုးတက်ရေးစီမံကိန်း | ၁၈၇,၅၀၀ | |
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၀၇,၇၈၃ | မွန်ပြည်နယ် |
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာ တောရဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း | ၁၆၈,၇၉၃ | |
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၁၀၀,၀၀၇ | ရခိုင်ပြည်နယ် |
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောက်လုပ်ရေး စီမံကိန်း | ၄၇၆,၈၄၀ | ဧရာဝတီတိုင်းဒေသကြီး |
ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ်၊ဝဲဒေါင့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း | ၁၂၃,၈၂၅ | |
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြီးနီစုကျေးရွာ အခြေခံပညာအထက်တန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း | ၂၁၄,၃၂၂ | |
စုစုပေါင်း ရံပုံငွေပမာဏ | ၄,၄၉၇,၁၄၃ |
အထက်ဖေါ်ပြပါ စီမံကိန်းများတွင် ရခိုင်ပြည်နယ်၊မောင်တောြမို့နယ်၊ပြည်သူ့ဆေးရုံထံသို့ အရေးပေါ်လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင် ဆောက်လုပ်ပေးခြင်းနှင့် ဆက်စပ်ပစ္စည်းများပေးအပ်ခြင်း၊ မန္တလေးမြို့တော် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတိုးတက်ရေးအတွက် အမှိုက်သိမ်းကားများ ပေးအပ်ခြင်း၊ ကျောင်းသူကျောင်းသားများ ဘေးကင်း လုံခြုံပြီးသင့်တင့်လျောက်ပတ်သောပတ်ဝန်းကျင်များတွင် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဆောင် (၂၆) ဆောင်ပေးအပ် ခြင်းတို့ပါဝင်ပါသည်။ ယခုနှစ်၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဥ်သည် ဘေးကင်းလုံခြုံသော ကျောင်းပတ်ဝန်းကျင်များဖြစ်လာစေရန် အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ကျောင်းဆောင်ယိုယွင်းမှုနှင့် စာသင်ခန်းအကျယ်အဝန်းမလုံလောက်မှုတို့နှင့် ရင်ဆိုင်နေရသော ကျောင်းများကို အလေးထား၍ ပံ့ပိုးခဲ့ပါသည်။ ဤကဲ့သို့ ကျောင်းများမှ ကျောင်းသူကျောင်းသားများသည် ပြင်းထန်သော ရာသီဥတုဒဏ်နှင့် ရင်ဆိုင်နေရပြီး တစ်ချို့ ကျောင်းသူကျောင်းသားများသည် ပြိုကျပျက်စီးမည့်အန္တရာယ်ရှိသောကျောင်းဆောင်များတွင် ပညာသင်ကြားနေကြရပါသည်။ ဂျပန်အစိုးရ၏ ထောက်ပံ့ရေးအစီအစဥ်သည် ကျောင်းသူကျောင်းသားများ ကောင်းမွန်သောကျောင်းပတ်ဝန်းကျင်များတွင် ပညာသင်ကြားခြင်းဖြင့် ကျောင်းသူကျောင်းသားများစွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် ရည်ရွယ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း (၉၃၂) ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၉၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄၁)ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို မြန်မာပြည်သူပြည်သားများ၏ နေထိုင်မှု အဆင့်အတန်းမြှင့်တင်မှုအတွက် တိုက်ရိုက်အကျိုးသက်ရောက်စေရန် ရည်ရွယ်ပြီးထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |