(၁၄) ကြိမ်မြောက် ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ ပြိုင်ပွဲဝင် ကာတွန်းများ လျှောက်လွှာ စတင်ခေါ်ယူခြင်း
၁။ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြီးမှူး၍ ၁၄ကြိမ်မြောက် ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကာတွန်းများကို စတင်ခေါ်ယူပြီး လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ပါသည်။

၂။ (၁၄) ကြိမ်မြောက် ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကာတွန်းလျှောက်လွှာများကို ခေါ်ယူခြင်း အသေးစိတ်အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) လျှောက်လွှာလက်ခံမည့်ကာလ။ ၂၀၂၀ခုနှစ် ဧပြီလ ၆ရက်နေ့ မှ ဇူလိုင်လ ၁၀ရက်နေ့ အထိသာ ဖြစ်ပါသည်။
(၂) လျှောက်လွှာလက်ခံမည့်နေရာ။ လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သို့မဟုတ် (၁၄) ကြိမ်မြောက် ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲဆိုင်ရာ စာတိုက်သေတ္တာသို့ တိုက်ရိုက်ပေးပို့ရန်ဖြစ်ပါသည်။
မှတ်ချက်။ လျှောက်လွှာခေါ်ယူခြင်း အသေးစိတ် အချက်အလက်များကို ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

လျှောက်ထားရန် သတ်မှတ်ချက်များ
လျှောက်လွှာဖောင်

(၃) ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲသည် ယခင် နိုင်ငံခြားရေး ဝန်ကြီး Mr.Taro Aso ၏ ဦးဆောင်မှုဖြင့် ၂၀ဝ၇ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၊ တည်ထောင်ပြီးနောက်ပိုင်းတွင် နိုင်ငံရပ်ခြားအနှံ့အပြားသို့ ကာတွန်း ယဉ်ကျေးမှုကို ပြန့်ပွားစေရန် နှင့် ကာတွန်းမှ တစ်ဆင့် နိုင်ငံတကာ ယဉ်ကျေးမှု နှီးနှောဖလှယ်နိုင်ရေးအတွက် အထောက်အကူပြုခဲ့သော ကာတွန်းပညာရှင်များ ဆုများ ချီးမြှင့်ပေးရန် ရည်ရွယ်ပြီး နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ကာတွန်းများအနက် လျှောက်ထားသော လက်ရာများအနက် အထူးချွန်ဆုံးကာတွန်း လက်ရာ၁ခုအတွက် “ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အထူးချွန်ဆုံးဆု” အဖြစ် လည်းကောင်း၊ အခြားအကောင်းဆုံး လက်ရာ၃ခုအတွက် “ဂျပန် အပြည်ပြည်ဆိုင်ရာ ကာတွန်းပြိုင်ပွဲ၏ အကောင်းဆုံးဆု” အနေနှင့် အသီးသီး ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ပါသည်။
ဆုရရှိသူများသည် ဂျပန်နိုင်ငံသို့သွားရောက်ပြီး ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ကာတွန်းပညာရှင်များနှင့် အမြင်ချင်းဖလှယ်ခြင်း၊ ထုတ်ဝေရေး ကုမ္ပဏီများသို့ သွားရောက်လေ့လာခြင်းနှင့် ဂျပန်နိုင်ငံတွင်း သွားရောက်လည်ပတ်ခြင်း စသည်တို့ကို စီစဉ်ထားပါသည်။