ဂျပန်အစိုးရက Avigan ဆေးပြားများ ထောက်ပံ့ပေးအပ်ခြင်း
၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရသည် COVID-19 ထိန်းချုပ်ရေးအစီအမံများကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် အလွန်
အားရ လျက်ရှိပါသည်။ ဂျပန်အစိုးရသည် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ပံ့ ကူညီရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု နှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့တွင် တတ်စွမ်း
သမျှ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။

ဂျပန်အစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား လူပေါင်း၁၀ဝကို ကုသမှုပေးရန်အတွက် ဗိုင်းရပ်စ်နှိမ်နင်းရေးဆေးဝါး Avigan (ဆေးပြား ၁၂၂၀ဝ) ပေးအပ်ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီး
အဆိုပါ ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၂၀ ပြည့်နှစ် မေလ ၂၃ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ဤအထောက်အပံ့သည် မြန်မာအစိုးရ၏ မေတ္တာရပ်ခံချက်အရ
COVID-19ရောဂါ တိုက်ဖျက်ရန်အတွက် Avigan ဆေးဝါး၏ ဆေးဝါးကုသမှုဆိုင်ရာ လေ့လာမှုကို တိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် COVID-19ရောဂါ တိုက်ဖျက်ရာတွင်သာမက နိုင်ငံတော်တည်ဆောက်ရေး နှင့် မြန်မာပြည်သူပြည်သားများအတွက် ကဏ္ဍအသီးသီးတွင်ပါ ထောက်ပံ့ကူညီမှုများကို ဆက်လက်
ပြုလုပ်သွားမည် ဖြစ်ပါသည်။