ဗီဇာဌာန ဖွင့်လှစ်ချိန်
  • လျှောက်ထားချိန် : နံနက် ၉ နာရီမှ ၁၁ နာရီ
  • ထုတ်ချိန် : နေ့လယ် ၂ နာရီမှ ၄ နာရီ
  • ထပ်မံလိုအပ်သောစာရွက်စာတမ်းများတင်ရန် : နေ့လယ် ၂ နာရီမှ ၄ နာရီ
ဗီဇာလျှောက်ထားရာတွင်လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ခရီးသွားလာမည့် ရည်ရွယ်ချက်ပေါ် မူတည်၍ တင်ပြရမည့်စာရွက်စာတမ်းများ ကွဲပြားသည်ကို သတိပြုစေလိုပါသည်။

○ အရေးကြီး သတိပေးချက် ( NOVEL CORONAVIRUS ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ ) (၂၀၂၀ခုနှစ် မတ်လ ၁၁ရက်)
○ NOVEL CORONAVIRUS ရောဂါ ကူးစက်ပြန့်ပွားမှုနှင့်ဆက်စပ်သော နယ်စပ်လုံခြုံရေး အစီအမံများ ပိုမိုခိုင်မာစေရန်အတွက် ဗီဇာကန့်သတ်ချက်များနှင့်ပတ်သက်၍ နောက်ထပ်အရေးကြီးသတိပေးချက်
○ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ပိုမိုတင်းကျပ်လိုက်သည့် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် အသစ်များ (၂၀၂၀ခုနှစ် မတ်လ ၉ရက်)
○ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ပိုမိုတင်းကျပ်လိုက်သည့် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် အသစ်များ (၂၀၂၀ခုနှစ် မတ်လ ၂၆ရက်)
○ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ပိုမိုတင်းကျပ်လိုက်သည့် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် အသစ်များ (၂၀၂၀ခုနှစ် ဧပြီလ ၁ရက်)
○ ဂျပန်နိုင်ငံတွင်းသို့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စီမံချက်အသစ် (၂၀၂၀ခုနှစ် ဧပြီလ ၂၇ရက်)
○ ဂျပန်နိုင်ငံတွင်းသို့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စီမံချက်အသစ် (၂၀၂၀ခုနှစ် မေလ၂၅ရက်)
○ မေးခွန်းလွှာ (နောက်ဆုံး updated)

【ဗီဇာလျှောက်ထားရာတွင် သတိပြုရမည့်အချက်များ】
1 လျှောက်လွှာတွင် ရေးသားရမည့်နေရာအားလုံးကို ပြည့်စုံစွာဖြည့်စွက် ရေးသားထားရန်လိုအပ်ပါသည်။ ရေးသားရန် ကျန်ခဲ့ခြင်း၊ မှားယွင်းရေးသားခြင်းများရှိပါက ဗီဇာမရရှိနိုင်ခြင်းလည်းဖြစ်နိုင်ပါသည်။

2 စာရွက်စာတမ်းမစုံလင်လျှင် လျှောက်ထားခြင်းကိုလက်ခံမည်မဟုတ်ပါ။ ထို့ပြင် တင်ပြရမည့် စာရွက်စာတမ်းများသည် ထုတ်ပေး သည့်ရက်မှ ၃လအတွင်း (သက်တမ်းကုန်မည့်နေ့ကိုရေးသားထားသည့် စာရွက်စာတမ်းများမှာ သက်တမ်းအတွင်း) ဖြစ်ရပါမည်။ ဗီဇာလျှောက်ထားရာတွင် လက်ခံလိုက်သော စာရွက်စာတမ်းများကို နိုင်ငံကူးလက်မှတ်မှလွဲ၍ ပြန်ပေးမည်မဟုတ်ပါ။

3 စာရွက်စာတမ်းများတွင် အဖြစ်မှန်နှင့်ကွဲလွဲသောရေးသားမှုများရှိလျှင်သော်လည်းကောင်း၊ အတုပြုလုပ်ထားသော စာရွက်စာတမ်းများကို တင်ပြလျှင်သော်လည်းကောင်း လိမ်လည်လျှောက်ထားခြင်းအဖြစ်သတ်မှတ်၍ ဗီဇာထုတ်ပေးခြင်းကို ငြင်းပယ်နိုင်ပါသည်။

4 ဗီဇာလျှောက်ထားချိန်မှ ထုတ်ပေးချိန်အထိ လိုအပ်သောကြာမြင့်ချိန်မှာ လျှောက်ထားမှု အကြောင်း အရာတွင် ပြဿနာတစ်စုံတစ်ရာမရှိပါက လျှောက်ထားခြင်းကို လက်ခံသည့်နေ့မှစ၍ ၄ ရက် (ဥပမာ -တနင်္လာနေ့တွင် လျှောက်ထားပါက ကြာသပတေးနေ့၊ ဗုဒ္ဓဟူးနေ့တွင် လျှောက်ထားပါက နောက်တစ်ပတ် တနင်္လာနေ့) ကြာမြင့်ပါမည်။ အထူးနိုင်ငံကူးလက်မှတ်ဖြင့် ဗီဇာလျှောက်ထားပါက ၃ ရက် ကြာမြင့်ပါမည်။
သို့ရာတွင် ပထမဆုံးအကြိမ် ဂျပန်နိုင်ငံသို့ သွားရောက်မည့်သူများအား သွားရောက်မည့် ရည်ရွယ်ချက်၊ တစ်ဦးချင်းစီ၏ အခြေအနေ စသည်တို့ပေါ်မူတည်၍ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန (တိုကျို) ၌ စစ်ဆေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်နိုင်ပါသည်။ အဆိုပါအခြေအနေမျိုးတွင် ဂျပန်သို့ထွက်ခွာရန် စီစဉ်ထားသောနေ့အထိ စီစစ်၍ မပြီးနိုင်သည်များလည်းရှိတတ်သောကြောင့် လုံလောက်သောအချိန်ရယူ၍ စောလျင်စွာ လျှောက်ထားစေလိုပါသည်။

5 ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် (ကိုယ်စားလှယ် လွှဲစာဖြင့် လွှဲအပ်ထားသော ကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် Group Tour များကို စီစဉ်ဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများ) မှကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။ လျှောက်ထားသူ ကာယကံရှင်၏ ကိုယ်စားလှယ်လွှဲစာ မပါရှိပါက ကိုယ်စားလျှောက်ထားခြင်းကို လက်ခံမည်မဟုတ်ပါ။