Introduction to the Embassy
သံရုံးသို့လာရောက်သောဧည့်သည်များ အောက်ပါအချက်များကို သတိပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
  • (၁) လုံခြုံရေးအတွက် ဧည့်သည်များယူဆောင်လာသောပစ္စည်းများကို သံရုံးဝင်ပေါက်တွင် စစ်ဆေးလျက်ရှိပါသည်။ ယမ်းမှုန့်နှင့်အလားတူပစ္စည်းများ၊ ဓားအပါအဝင် ချွန်ထက်သောပစ္စည်းများစသည့် အန္တရာယ်ရှိသောပစ္စည်းများကို သံရုံးအတွင်းသို့ ယူဆောင်လာခြင်းကို တင်းကြပ်စွာ တားမြစ်ပါသည်။
  • (၂) သံရုံးသို့လာရောက်သောဧည့်သည်များအတွက် သီးသန့်ယာဉ်ရပ်နားရန် နေရာမရှိသောကြောင့် အများပြည်သူ သုံးယာဉ်များ(အငှားယာဉ်နှင့် ဘတ်စကားစသည်) ကိုသာအသုံးပြုပေးရန်၊ လမ်းမပေါ်တွင်ယာဉ်ရပ်နားခြင်းနှင့် အနှောင့်အယှက်ဖြစ်စေမည ့် ယာဉ်ရပ်နားခြင်းများသည် ယာဉ်ကြောပိတ်ဆို့စေပြီး အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ များအားလည်း အနှောင့်အယှက်ဖြစ်စေသောကြောင ့် မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။
  • (၃) သံရုံးအတွင်းတွင် ကင်မရာနှင့် လက်ကိုင်ဖုန်းစသည်တို့ဖြင့်ဓာတ်ပုံရိုက်ခြင်းကို လုံခြုံရေးအရ တားမြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သံရုံးဖွင့်ချိန်
  • တနင်္လာနေ့ မှ သောကြာနေ့အထိ (ရုံးပိတ်ရက်များမပါ)
  •   - နံနက် ၈ နာရီ ၃၀ မိနစ် မှ - နေ့လည် ၁၂ နာရီ ၃၀ မိနစ်
  •   - နေ့လည် ၁ နာရီ ၃၀ မိနစ် မှ - ညနေ ၅ နာရီ ၁၅ မိနစ်
  •   (24 hours in case of emergency)
ဗီဇာဌာန ဖွင့်လှစ်ချိန်
  • လျှောက်ထားချိန် : နံနက် ၉ နာရီမှ ၁၁ နာရီ
  •       ထုတ်ချိန် : နေ့လယ် ၂ နာရီမှ ၄ နာရီ
  •       ထပ်မံလိုအပ်သောစာရွက်စာတမ်းများတင်ရန် : နေ့လယ် ၂ နာရီမှ ၄ နာရီ
Public Holidays (2019)
ဒီဇင်ဘာလ ၂၅ရက်
(ဗုဒ္ဓဟူးနေ့)
ခရစ္စမတ်ရုံးပိတ်ရက်
ဒီဇင်ဘာလ ၃၀ရက်
(တနင်္လာနေ့)
နှစ်ကုန်ရုံးပိတ်ရက်
ဒီဇင်ဘာလ ၃၁ရက်
(အင်္ဂါနေ့)
နှစ်ကုန်ရုံးပိတ်ရက်
Guide Map to the Embassy