မြန်မာနိုင်ငံတော် သံစုံတီးဝိုင်း၏ ဖျော်ဖြေတင်ဆက်ပွဲ ၂၀၁၆


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာနတို့ မှ ပူးပေါင်း တင်ဆက်သော မြန်မာနိုင်ငံတော် သံစုံတီးဝိုင်း၏ ဖျော်ဖြေတင်ဆက်ပွဲ ၂၀၁၆ ကို ဇန်န၀ါရီလ ၂၂ ရက် တွင် ရန်ကုန်မြို့  ၌ လည်းကောင်း၊ ၂၅ရက်နေ့ တွင် နေပြည်တော်၌ လည်းကောင်း ကျင်းပမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဌာန အောက်တွင်ရှိသော နိုင်ငံပိုင် MRTV ၏ မြန်မာနိုင်ငံတော် သံစုံတီးဝိုင်း သို့  ၂၀၁၃ခုနှစ်မှစ တယောနှင့် ဂီတသံစဉ် ညွှန်ကြားသူပညာရှင် Mr.Yamamoto Yunosuke နှင့် စန္ဒယားပညာရှင် Ms.Koyama Kyoko တို့မှ ပုံမှန် လာရောက်ပြီး ၊အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင်း တေးဂီတ ပညာရှင်၁၀ဦးပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများကို စုစုပေါင်း ၅ကြိမ်ကျင်းပခဲ့ပြီး၊ ဂီတပညာရှင်များ၏ ကြိုးစားအားထုတ်မှု ရလဒ်ဖြစ်သည့် ဖျော်ဖြေတင်ဆက်ပွဲကို အောက်ပါအတိုင်း တင်ဆက်သွားပါမည်။ အထူးဧည့်သည် အနေနှင့် ကမ္ဘာကျော် စန္ဒယားပညာရှင် Mr.Yamashita Yosuke လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ပါသည်။

ဖျော်ဖြေပွဲများမှာ အခမဲ့ဖြစ်ပြီး၊ မည်သူမဆို လွတ်လပ်စွာ လာရောက် ကြည့်ရှုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၁။ ရန်ကုန်
(၁) နေ့ရက်၊အချိန် ။ ။ ဇန်န၀ါရီ ၂၂ရက်၊၂၀၁၆ခုနှစ် (၆နာရီတွင် စတင်ပါမည်။)
(၂) နေရာ ။ ။ အမျိုးသားကဇာတ်ရုံ

၂။ နေပြည်တော်
(၁) နေ့ရက်၊အချိန် ။ ။ ဇန်န၀ါရီ ၂၅ရက်၊၂၀၁၆ခုနှစ် (၆နာရီတွင် စတင်ပါမည်။)
(၂) နေရာ ။ ။ နေပြည်တော် MICC2 (Myanmar International Convention Center 2)

၃။ အစီအစဉ်များ
Beethoven Symphony N.2, The Goodfather, Pirates of the Caribbean, Shar Pone Daw Min Thar Gyi(thinzyan song in Myanmar), and others

၎။ အနုပညာရှင်များ၏ ကိုယ်ရေးအကျဉ်း

၅။ စုံစမ်းရန်
ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈