၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ်

မိတ်ဆက်
၂၀၁၉ ခုနှစ်ကို ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံ) အကြား ချစ်ကြည်ရင်းနှီး စတင် တည်ဆောက်ပြီး ဆယ်နှစ်ပြည့် အထိမ်းအမှတ်နှစ် အနေနှင့် “၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ်” ဟု သတ်မှတ်ကာ မဲခေါင် - ဂျပန်အကြား ဆက်သွယ်ရေးပိုမို နက်ရှိုင်းလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ်” မှတဆင့် နှစ်ဖက်တွင် အသုံးပြုရန် အထိမ်းအမှတ် Logo ဒီဇိုင်းကို ရွေးချယ်သတ်မှတ်ပြီး ဂျပန် မဲခေါင် နိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ဖလှယ်ပွဲများ ကျင်းပသွားမည် ဖြစ်ပါသည်။
“၂၀၁၉ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ်” သည် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်မှ ၃၁ရက်နေ့အထိ ဖြစ်ပါသည်။

အထိမ်းအမှတ် Logo ဒီဇိုင်း
“၂၀၁၉ မဲခေါင်ဂျပန် ကူးလူးဆက်သွယ်ရေးနှစ်” အတွက် အထိမ်းအမှတ် Logo ဒီဇိုင်း အတွက် ခေါ်ယူလျက်ရှိပါသည်။ လျှောက်ထားရန်အတွက် အောက်ပါ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၀၁၉ မဲခေါင် ဂျပန် ကူးလူးဆက်သွယ်ရေးနှစ် အထိမ်းအမှတ် Logo ဒီဇိုင်း ခေါ်ယူခြင်း

အခမ်းအနားများ
၂၀၁၉ မဲခေါင် ဂျပန် ကူးလူးဆက်သွယ်ရေးနှစ် အောင်မြင်အောင် အမျိုးမျိုးသော အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ NGOs နှင့် NPOs များ၊ အစိုးရ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ နှင့် အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် လိုအပ်ပါသည်။
ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံများတွင် အခမ်းအနားများ ကျင်းပသောအခါ မဲခေါင် - ဂျပန် ကူးလူးဆက်သွယ်ရေးနှစ် အထိမ်းအမှတ် Logo ဒီဇိုင်းကို အသုံးပြုသွားမည်ဖြစ်ပါသည်။
ထို့အပြင် ဤပေ့ခ်ျ၏ အခမ်းအနား ပြက္ခဒိန်တွင်လည်း ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အခမ်းအနားများတွင် ကျင်းပသောအခါ မည်သို့ လျှောက်ထားရမည်ကိုလည်း ဖော်ပြသွားပါမည်။

အတွင်းရေးမှူးရုံး
Mekong-Japan Exchange Year Secretariat (First Southeast Asia Division, Southeast and Southwest Asian Affairs Department, Ministry of Foreign Affairs)
လိပ်စာ 2-2-1, Kasumigaseki, Chiyoda-ku, Tokyo 100-8919
ဖက်စ် 03-5501-8262
Email: mekongjapan2019@mofa.go.jp