
၁။ ဂျပန်နိုင်ငံမှ State Minister of Cabinet ဖြစ်သူ Mr. Takao OCHI သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံရန်ကုန်စတော့အိတ်ချိန်း (YSX) က ကြီးမှူးကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် YSX Expo ၌ မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်နိုင်ငံ၏ အထောက်အပံ့များနှင့် ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၂။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စဉ်ဆက်မပြတ် ပံ့ပိုး ကူညီလာခဲ့ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ဂျပန်နိုင်ငံ၏ Japan Financial Services Agency (JFSA)၊ Daiwa Securities Group နှင့် Japan Exchange Group (JPX) တို့၏ ပံ့ပိုးကူညီမှုများဖြင့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။
၃။ ဂျပန်နိုင်ငံအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ ဂျပန်-မြန်မာချစ် ကြည်ရင်းနှီးသည့်ဆက်ဆံရေး၏ ပြယုဂ်” အဖြစ် ဆက်လက် ကူညီထောက်ပံ့သွားမည်ဖြစ်ပါသည်။ တစ်ဖန် မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် ပိုမို သက်ဝင်လှုပ်ရှားလာစေရန်အတွက် အထောက်အပံ့ စီမံချက်(※) ကို အခြေခံပြီး မြန်မာနိုင်ငံအစိုးရအတွက် လိုအပ်သည့်အထောက်အပံ့များကို ဆက်လက်ပြီး မြှင့်တင်ဆောင်ရွက်သွားပါမည်။
※ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ဂျပန်နိုင်ငံဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့English Title: LIST (Listing + Investment Strategy and Timeline) for Myanmar’s Future
(အတိုကောက်။ ။ Myanmar LIST)
Financial Services Agency ဝက်ဘ်ဆိုဒ်သို့
The Second Yangon Stock Exchange Expo: Keynote Speech by State Minister Ochi