မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အရင်းအနှီးဈေးကွက်သက်ဝင်လှုပ်ရှားလာစေရန်အထောက်အပံ့စီမံချက်ဆိုင်ရာ တိုးတက်မှုအစီရင်ခံစာ ပေးအပ်ခြင်း
၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

၁။ ဂျပန်နိုင်ငံမှ State Minister of Cabinet Office ဖြစ်သူ Mr. Takao OCHI သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် Japan Exchange Group (JPX) နှင့် Daiwa Securities Group တို့မှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂။ ဤကဲ့သို့တွေ့ဆုံဆွေးနွေးရာတွင် State Minister Mr. OCHI က ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းထံသို့ ယခုနှစ် ဇန်နဝါရီလတွင် ပေးအပ်ခဲ့သည့် မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် သက်ဝင်လှုပ် ရှားလာစေရန်အတွက် အထောက်အပံစီမံချက်(※) နှင့်ပတ်သက်သည့် တိုးတက်မှုအစီရင်ခံစာကို ပေးအပ်ခဲ့ပါသည်။

※ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ဂျပန်နိုင်ငံဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့
English Title: LIST (Listing + Investment Strategy and Timeline) for Myanmar’s Future
(အတိုကောက်။ ။ Myanmar LIST)

၃။ ဤတိုးတက်မှုအစီရင်ခံစာကို တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ အထောက်အပံ့စီမံချက်ချမှတ်ပြီး နောက် အရင်းအနှီးဈေးကွက် သက်ဝင်လှုပ်ရှားလာစေရန်အတွက် ဆောင်ရွက်ခဲ့သည့် အထောက်အ ပံ့များ၏ တိုးတက်မှုအခြေအနေနှင့် စိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာပြီး အစီရင်ခံတင်ပြရန်နှင့် အရင်းအနှီးဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာလာစေရန် ဖြစ်ပါသည်။

၎။ ဂျပန်နိုင်ငံအနေဖြင့် ဤတိုးတက်မှုအစီရင်ခံစာနှင့် အထောက်အပံ့စီမံချက်ကိုအခြေခံပြီး မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

Financial Services Agency ဝက်ဘ်ဆိုဒ်သို့
Submission of “Progress Report of Myanmar’s Capital Market Activation Support Plan” to Ministry of Planning and Finance of Myanmar