ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားများအနက် အလုပ်ကိစ္စဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လိုသောပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ကန့်သတ်ချက်ကိုလျှော့ချသည့် Residence Track ကို စတင်ပြုလုပ်ရန် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့နောက် ပထမကန့်သတ်ချက် လျှော့ချရန်အတွက် စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်ပြီး ယခုထပ်မံ၍ အောက်တိုဘာလ ၁ ရက် မှစတင်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံးရှိ ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများအားလုံး ပြည်ဝင်ခြင်းနှင့် ပြည်ပြန်ဝင်ခြင်းကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် အောက်တိုဘာလ ၁ ရက် (ကြာသပတေးနေ့) မှစတင်၍ အောက်ပါအတိုင်း ဗီဇာထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
သို့ရာတွင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာလျှောက်ထားမှုအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းရယူရန် နည်းလမ်းကို အောက်ဖော်ပြပါ နံပါတ် ၄ (၂) ရှိ URL တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁။ အကျုံးဝင်သူများမြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည့်အပြင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ကို အသုံးပြုသူများ၊ သို့မဟုတ် တတိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်မည်ဆိုပါ ကလည်း အဆိုပါတတိယနိုင်ငံအတွင်းသို့ ပြည်ဝင်ထားခြင်းမရှိဘဲ ခရီးတစ်ထောက်နား (Transit) အနေဖြင့် ဖြတ်သန်း၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူဖြစ်ရမည်။
၂။ ဗီဇာလျှောက်ထားနိုင်သော နေထိုင်ခွင့်အရည်အချင်းများ
(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် စီးပွားရေးဆက်သွယ်ခြင်း၊ စီးပွားရေးဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက် လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်းနေထိုင်ပြီး ဝင်ငွေနှင့်အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိသော လုပ်ဆောင်ချက်များ။
(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင် ထားသူများ
“Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional“, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Dependent”, “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”, “Long-Term Resident” များ ဗီဇာလျှောက်ထားနိုင်ပါသည်။
※အထက်ဖော်ပြပါ နံပါတ် (၁) မှလွဲ၍ အခြားကာလတိုနေထိုင်ခွင့်ဗီဇာများ (ဥပမာ : ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေထံအလည်အပတ်သွားခြင်း စသည်) နှင့်ပတ်သက်သက်၍ အဆိုပါဗီဇာများ၏ အကျိုး သက်ရောက်မှုကို ယာယီအားဖြင့် ဆက်လက်ရပ်ဆိုင်းထားသောကြောင့် ဗီဇာလျှောက်ထားခြင်းကို လက်မခံသေးပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၃။ တင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ) (အထက်ပါ နံပါတ် ၂ (၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ
(ဃ) ဖိတ်ခေါ်စာ
(င) အာမခံစာ
(စ) ကတိ၀န်ခံစာ (၂ စောင်၊ ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းက ထုတ်ပေးသော စာမိတ္တူ)
(၂) ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ် ၂ (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)
(ဃ)ကတိ၀န်ခံစာ (၂ စောင်၊ ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းက ထုတ်ပေးသော စာမိတ္တူ)
※ ဗီဇာစစ်ဆေးမှုလိုအပ်ချက်အရ စာရွက်စာတမ်းများထပ်မံတင်ပြရန် တောင်းဆိုမှုများလည်းရှိနိုင်ပါသည်။
(မှတ်ချက် ၁) ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံး နေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုတင်ပြ၍ ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့် စာကို တင်ပြရန်လိုအပ်ပါသည်။
(မှတ်ချက် ၂) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိရပ်ဆိုင်းထားသည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည်ဆိုပါက ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။
၄။ အခြားသက်ဆိုင်သောအချက်အလက်များ
(၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
(ဂျပန်)
https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
(မြန်မာ)
https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html
(၂) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html
(၃) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html
(၄) COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application (COCOA)
(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/cocoa_00138.html
(အင်္ဂလိပ်) https://www.mhlw.go.jp/content/10900000/000647649.pdf