
မြန်မာနိုင်ငံတွင် နေထိုင်ကြသူများသို့
မတ်လ ၁၈ ရက်နေ့တွင် ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စီမံချက်အသစ်ကို ချမှတ်လိုက်ပါသည်။ ဤစီမံချက်အသစ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အရေးပေါ်အခြေအနေ ရုပ်သိမ်းကြောင်း မကြေညာမချင်း ချမှတ်ထားသော စီမံချက်များကို ယခုလောလောဆယ် ဆက်လက်ဆောင်ရွက်ပါမည်။
(၁) Business Track နှင့် Residence Track များ ယာယီရပ်ဆိုင်းခြင်း
(၂) နိုင်ငံနှင့် ဒေသအားလုံးမှ ဗီဇာအသုံးပြုသောပြည်ဝင်ခွင့်အသစ်များကို ယာယီရပ်ဆိုင်းခြင်း
(၃) နိုင်ငံနှင့် ဒေသအားလုံးသို့ အလုပ်ကိစ္စဖြင့်ကာလတိုခရီးထွက်ရာမှ ဂျပန်နိုင်ငံသို့ ပြန်လာသည့်အခါနှင့် ပြည်ပြန်ဝင်ခြင်းပြုလုပ်သည့်အခါ လုပ်ဆောင်ပေးသည့် အထူးစီမံချက်များ ယာယီရပ်ဆိုင်းခြင်း
(https://www.mhlw.go.jp/content/000755575.pdf)
※နိုင်ငံခြားရေးဝန်ကြီးဌာနက ကူးစက်ရောဂါအန္တရာယ်ဆိုင်ရာအချက်အလက်ထုတ်ပြန်ထားသော နိုင်ငံများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရပ်ခြားလုံခြုံမှုဆိုင်ရာဝက်ဆိုက်
(https://www.anzen.mofa.go.jp/)တွင် ကြည့်ရှုနိုင်ပါသည်။
※ ဗီဇာကန့်သတ်ချက်ဆိုင်ရာစီမံချက်တွင် အကျုံးဝင်သောနိုင်ငံများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။
(https://www.mofa.go.jp/mofaj/ca/fna/page4_005130.html)
〇 ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန COVID-19 ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းရန် (Quarantine တိုးမြှင့်ခြင်း)
ဂျပန်နိုင်ငံအတွင်းတွင် ဆက်သွယ်ရန် : 0120-565-653
နိုင်ငံရပ်ခြားမှ ဆက်သွယ်ရန် : +81-3-3595-2176 (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ကိုရီးယားဘာသာ တို့ဖြင့် ဖြေကြားပါသည်)
〇 လူဝင်မှုကြီးကြပ်ရေးဌာန (ပြည်ဝင်ခွင့် ငြင်းပယ်ခြင်း၊ ဂျပန်နိုင်ငံသို့ ပြည်ပြန်ဝင်ခြင်း)
ဖုန်း : (အော်ပရေတာ) 03-3580-4111 (လိုင်းခွဲ 4446 ၊ 4447)
〇 နိုင်ငံခြားသားများကို အကူအညီပေးသည့်စင်တာအတွင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာ၊ သတင်းအချက်အလက်
ဖုန်း : 0570-011000 (Navi-dial : လမ်းညွှန်ချက်အတိုင်း လိုက်နာ၍ ဂျပန်ဘာသာ နံပါတ် (၁) ကို ရွေးချယ်ပြီး နံပါတ် (၅) ကို နှိပ်ပါ။) တချို့သော IP ဖုန်းများမှဆက်သွယ်မည်ဆိုပါက 03-5363-3013
〇 နိုင်ငံရပ်ခြားလုံခြုံမှုဆိုင်ရာဝက်ဆိုက်
https://www.anzen.mofa.go.jp/(ကွန်ပျူတာ၊ စမတ်ဖုန်း ဗားရှင်း)
https://www.anzen.mofa.go.jp/m/mbtop.html (မိုဘိုင်းဖုန်း ဗားရှင်း)
■ စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : 95-1-549644 – 549648
အီးမေးလ် : ryoji@yn.mofa.go.jp