
ဂျပန်နိုင်ငံတွင် မတ်လ ၅ရက်နေ့က ထပ်မံချမှတ်လိုက်သော COVID-19ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ဂျပန်ပြည်၀င်ခွင့်ကန့်သတ်ခြင်းဆိုင်ရာ စီမံချက်အသစ်အရ ဂျပန် နိုင်ငံသားအပါအ၀င် ဂျပန်နိုင်ငံသို့ ပြန်လည်၀င်ရောက်မည့်သူများအားလုံးအတွက် လိုအပ်သော 「နိုင်ငံမှ မထွက်ခွာမီ ဆေးစစ်ချက်ထောက်ခံစာ」နှင့်ပတ်သက်၍ ဧပြီလ ၁၉ရက်နေ့မှစတင်ကာ ဆေးစစ်ချက် ထောက်ခံစာနှင့် စစ်ဆေးသောနည်းလမ်းများကို တစ်ဆင့်ပိုမိုတိုးမြှင့် တင်းကျပ် သွားမည်ဖြစ်ပါသည်။ (အောက်ပါကိုးကားချက် ၁ တွင်ကြည့်ပါ)။ လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ၏ ရောဂါရှာဖွေစစ်ဆေးရေးဌာနများမှ ထုတ်ပေးသော ဆေးစစ်ချက်ထောက်ခံစာသည် ပိုမိုတိုးမြှင့်တင်းကျပ်လိုက်သည့် သတ်မှတ်စံနှုန်းကို ပြည့်မီရန် ကွာဟချက်များ ရှိနေနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ANAတိုက်ရိုက်လေကြောင်းလိုင်းမှအပ အခြားသော တစ်ဆင့်ပြောင်းစီးလေကြောင်းခရီးစဥ်ဖြင့် စီးနင်းလိုက်ပါလျက် ပြည်၀င်/ပြည်ပြန်၀င်မည့်သူများ သည် ယခုအချိန်ထိ အသိပေးကြေညာထားသည့်အတိုင်း အထူးစီမံချက်အနေဖြင့် ဂျပန်သံရုံးမှ ထုတ်ပေးသော 「ကောင်စစ်ဌာနမှထုတ်ပေးသောထောက်ခံစာ」ကို ဆက်လက်ထုတ်ယူကိုင်ဆောင် သွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(သတိပြုရန်) ANAတိုက်ရိုက်လေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါမည့်သူများသည် ဂျပန်သံရုံးမှ လေကြောင်းလိုင်းဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သောကြောင့် 「ကောင်စစ်ဌာနမှ ထုတ်ပေးသော ထောက်ခံစာ」ကိုထုတ်ယူရန်မလိုအပ်ပါ။ တစ်ဆင့်ပြောင်းစီးလေကြောင်းခရီးစဥ်ဖြင့် စီးနင်းလိုက်ပါ မည့်သူများသာလျှင်「ကောင်စစ်ဌာနမှထုတ်ပေးသောထောက်ခံစာ」ကိုထုတ်ယူရန်လိုအပ်ပါသည်၊ (အောက်ပါကိုးကားချက် ၂ တွင်ကြည့်ပါ)။
(ကိုးကားချက် ၁ : ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန၏ အင်တာနက်စာမျက်နှာ)
ဆေးစစ်ချက်ထောက်ခံစာ တင်ပြခြင်းနှင့်ပတ်သက်၍
(https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00248.html)
(ကိုးကားချက် ၂ : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အင်တာနက် စာမျက်နှာ)
ရောဂါကင်းစင်ကြောင်းထောက်ခံစာ ကိုင်ဆောင်ထားခြင်းမရှိသော အခါတွင် ဂျပန်ပြည်၀င်ရာတွင် လိုအပ်သော「ကောင်စစ်ဌာနမှထုတ်ပေးသောထောက်ခံစာ」နှင့်ပတ်သက်၍
(https://www.mm.emb-japan.go.jp/profile/japanese/news/2021/new-79.html)
တစ်ဖန် နိုင်ငံရပ်ခြားမှဂျပန်နိုင်ငံသို့ ပြည်ပြန်၀င်သောအခါ စမတ်ဖုန်းတစ်လုံး ယူဆောင်သွားခြင်း၊ လိုအပ်သည့် အပလီကေးရှင်း မှတ်ပုံတင်ခြင်းနှင့် အသုံးပြုခြင်း၊ မေးခွန်းလွှာတင်ပြခြင်းစသည်တို့ကို လုပ်ဆောင်ရန် လိုအပ်ပါလိမ့်မည်။ အပလီကေးရှင်းနှင့် မေးခွန်းလွှာများကို ကြိုတင်ဒေါင်းလုပ် လုပ်ထားပါက လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းများကို ပိုမိုချောမွေ့စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00209.html