 
					(၁၆) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ (၂၀၂၁ခုနှစ် ) 
                        ဆုရရှိသူများကြေညာခြင်း
                        
					
				မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှု စင်တာတို့က ၁၆ ကြိမ်မြောက် ဂျပန်စာပေဘာသာြပန်ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ကြီးမှူးကျင်းပခဲ့ပြီး ဆန်ကာတင်အဆင့် အရွေးချယ်ခံရသူ (၂၅) ဦးကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့တွင် ကြေညာခဲ့ပါသည်။ နောက်ဆုံးအဆင့် အကဲဖြတ် သုံးသပ်ချက်များအရ ကျွမ်းကျင်အဆင့်အတွက် ဆုရရှိသူ (၃)ဦးနှင့် အငယ်တန်းအဆင့်အတွက် ဆုရရှိသူ (၃)ဦးကို အောက်ပါအတိုင်း ရွေးချယ်လိုက်ကြောင်း ကြေညာအပ်ပါသည်။ ဘာသာပြန် ပြိုင်ပွဲနှစ်ခုစလုံး၏ ဘာသာပြန်လက်ရာများသည် အံ့သြချီးကျူးဖွယ်ကောင်းပြီး ဆုရရှိသူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။
ကျွမ်းကျင်အဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရှိသူများ| ထူးချွန်ဆု | အမှတ်စဥ် | အမည် | 
|---|---|---|
| ပထမဆု | TA-206 | မရွှေရည်ဝင်း | 
| ဒုတိယဆု | TA-087 | မခိုင်ခိုင်သော် | 
| တတိယဆု | TA-149 | မမွန်မြတ်သူ | 
အငယ်တန်းအဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရှိသူများ
| ထူးချွန်ဆု | အမှတ်စဥ် | အမည် | 
|---|---|---|
| ပထမဆု | TJ-252 | မနန်းမိုမိုဇင် | 
| ဒုတိယဆု | TJ-273 | မဖူးပြည့်စုံသိမ့် | 
| တတိယဆု | TJ-212 | မမေသူမျိုးအောင် | 
 
  No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8