
ယခုတခါ စင်ကာပူအစိုးရက မေလ ၂၉ ရက်နေ့ (စနေနေ့) မှစတင်၍ စင်ကာပူလေဆိပ်ကို အသုံးပြုမည့်သူများ (တစ်ဆင့်ပြောင်းစီးလေယာဥ်ခရီးစဥ်များပါဝင်သော်လည်း ဘရူနိုင်းစသည့် နိုင်ငံအချို့သို့ ခရီးသွားရာဇ၀င်ရှိထားသူများမပါဝင်) နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂နာရီအတွင်း စစ်ဆေးထားသော PCRစစ်ဆေးမှုပေါ်အခြေခံသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာကို ရယူရန်လိုအပ်ကြောင်း ကြေငြာခဲ့သည့်အတွက် ထိုအချိန်မှစ၍ ယင်းထောက်ခံစာကို မဖြစ်မနေယူဆောင်သွားရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
ရန်ကုန်မှထွက်ခွာ၍ စင်ကာပူနိုင်ငံမှတစ်ဆင့်ပြောင်းစီးလေယာဥ်ခရီးစဥ် (အနီးဆုံးအနေဖြင့် ဇွန်လ ၂ ရက်နေ့)ကို စီးနင်းလိုက်ပါမည့်သူများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဇွန်လ ၄ ရက်နေ့ မြန်မာနိုင်ငံမှထွက်ခွာမည့် ANAလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံသို့ တိုက်ရိုက်စီးနင်းလိုက်ပါမည့်သူများအတွက် ဂျပန်သံရုံးမှ လေကြောင်းလိုင်းသို့ ဆက်သွယ် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို ရယူရန်မလိုအပ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။
ထို့ပြင် ရန်ကုန်မှထွက်ခွာ၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တစ်ဆင့်ပြောင်းစီးလေယာဥ်ခရီးစဥ်နှင့် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ အင်ချွန်လေဆိပ်မှ တစ်ဆင့်ပြောင်းစီးလေယာဥ်ခရီးစဥ်ကို စီးနင်းလိုက်ပါမည့်သူများအတွက် မြန်မာနိုင်ငံ၌ PCRစစ်ဆေးမှုခံယူရန် အခက်အခဲမရှိတော့သည့်အချိန်ကာလအထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနမှ ထုတ်ပေးသည့် ထောက်ခံစာ 「Consular Letter」ကို ယူဆောင်သွားခြင်းဖြင့် လေယာဥ်စီးနင်းလိုက်ပါနိုင်မည် ဖြစ်ပါသည်။