
ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှထွက်ခွာမည့် ANA လေကြောင်းလိုင်းနှင့်
တစ်ဆင့်ပြောင်းစီး လေယာဥ်ခရီးစဥ်များအားလုံးကို စီးနင်းလိုက်ပါမည့်သူများသည် Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို မဖြစ်မနေရယူရန်လိုအပ်ကြောင်းနှင့်ပတ်သက်၍ အသိပေးချက် (၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်)
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့
- ၁။ မြန်မာနိုင်ငံတွင် ဇွန်လအထိ Covid-19 ရောဂါအတွက် RT PCR စစ်ဆေးမှုခံယူရန် အခက်အခဲရှိသည်ဟု ယူဆခဲ့ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြည်၀င်ခွင့် /ပြည်ပြန်လည်၀င်ရောက်ခွင့်များတွင် Covid-19 ကင်းစင်ကြောင်းထောက်ခံစာ မယူဆောင် လာနိုင်သူများအတွက် အထူးအစီအစဥ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနမှ ထုတ်ပေးသော ထောက်ခံစာ 「Consular Letter」 ကို ယူဆောင်သွားခြင်းဖြင့် လေယာဥ်စီးနင်းလိုက်ပါနိုင်ပြီး ပြည်၀င်ခွင့် / ပြည်ပြန်လည် ၀င်ရောက် ခွင့်များကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
- ၂။ ယခုအခါ မြန်မာနိုင်ငံတွင် RT PCR စစ်ဆေးမှုခံယူရန် အခက်အခဲမရှိတော့ဟု ယူဆသည့်အတွက် ဇူလိုင်လ ၁ ရက်နေ့ (ကြာသပတေးနေ့) မှစ၍ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာမည့်လေယာဥ်ခရီးစဥ်များအားလုံး (ANA တိုက်ရိုက်ပျံသန်းသည့်ခရီးစဥ်၊ အခြား တစ်ဆင့်ပြောင်းစီးရသည့်လေယာဥ်ခရီးစဥ်အားလုံး) တွင် စီးနင်းလိုက်ပါမည့်သူများ အနေဖြင့် မြန်မာနိုင်ငံမှ မထွက်ခွာမှီ ၇၂ နာရီအတွင်း RT PCR နည်းဖြင့်စစ်ဆေးထားသော Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို မဖြစ်မနေယူဆောင်သွားရမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် Quarantine ဌာနမှ သတ်မှတ်ထားသောနေရာ၌ ၃ ရက်ကြာ သီးသန့်နေထိုင်ခြင်းအစီအစဥ်သည် မရှိတော့ပါ။ သို့သော် ဂျပန်နိုင်ငံသို့ရောက်ရှိပြီး နောက်တစ်ရက်မှစတင်၍ ၁၄ ရက်ကြာ မိမိအိမ် စသည်တို့၌ သီးသန့်နေထိုင်ရမည့် အစီအစဥ် (Home Quarantine) မှာ ဆက်လက်တည်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ထိုကာလအတွင်း အများပြည်သူသုံးသည့် သယ်ယူပို့ဆောင်ရေးယာဥ်များကို စီးနင်းအသုံးမပြုမိစေရန် သတိပေးအပ်ပါသည်။
※ဂျပန်နိုင်ငံအတွင်း Covid-19 ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် သက်ဆိုင်သော စီမံချက်အသစ်နှင့် ပတ်သက်၍ အောက်ဖော်ပြပါ (ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေး၀န်ကြီးဌာန၏) အင်တာနက်စာမျက်နှာတွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00209.html - ၃။ Covid-19 စစ်ဆေးသောအခါ မိမိစစ်ဆေးသောနေရာတွင် အောက်ပါအချက် (၃)ချက်ကို သေချာစွာ အလေးပေး ဆောင်ရွက်စေလိုပါသည်။
(၁) ကြိုတင်ရက်ချိန်းယူချိန်နှင့် သွားရောက်စစ်ဆေးသည့်နေ့များတွင် 「ဂျပန်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်း၊ ဂျပန်ပြည်၀င်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း」 ပြောရန်။
ယခုအခါ ဂျပန်နိုင်ငံတွင် နှာခေါင်းတို့ဖတ် (Nasopharyngeal Swab) ဖြင့် စစ်ဆေးသောရလဒ် (သို့မဟုတ်) နှာခေါင်းနှင့် အာခေါင် (Nasopharyngeal & Oropharyngeal) တို့ဖတ်တို့ဖြင့်စစ်ဆေးသောရလဒ် (ရလဒ်အားလုံး) ကို လက်ခံနေပြီ ဖြစ်ပါသည်။
(၂) Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေး၀န်ကြီးဌာနမှ နောက်ဆုံးသတ်မှတ်ထားသောပုံစံကို အသုံးပြု၍ ဖြည့်စွက်ပေးရန် တောင်းဆိုပါ။ (ပုံစံကို အောက်ဖော်ြပပါ Link တွင် Download ရယူနိုင်ပါသည်။)
https://www.mofa.go.jp/mofaj/files/100177968.pdf
(၃) ထောက်ခံစာလက်၀ယ်ရရှိချိန်တွင် သေချာစွာ စစ်ဆေးပါ။ ဂျပန်နိုင်ငံမှ သတ်မှတ်ထားသောပုံစံတွင် ဖြည့်စွက်ထားခြင်းရှိမရှိ၊ မှန်ကန်မှုရှိမရှိစစ်ဆေးပါ။ မှန်ကန်မှုမရှိပါက ပြန်လည်ပြင်ဆင်ရန် တောင်းဆိုပါ။ - ၄။ ရန်ကုန်တိုင်းဒေသကြီးရှိ Covid-19 စစ်ဆေးနိုင်သောနေရာများ
ယခုအခါ PCR စစ်ဆေးမှုပြုလုပ်ရန်နှင့် Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို ထုတ်ပေးနိုင်သောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ နောက်ပိုင်းတွင်လည်း ဂျပန်အစိုးရမှ ညွှန်ကြားထားသောပုံစံအတိုင်း Covid-19 ကင်းစင်ကြောင်း ထောက်ခံစာထုတ်ပေးနိုင်သော နေရာများကို အသစ်ထပ်မံအတည်ပြုနိုင်ပါက အချိန်နှင့် တပြေးညီအသိပေးပါမည်။ ထို့ပြင် Covid-19 စစ်ဆေးရန် ကြိုတင်ရက်ချိန်းရယူခြင်းနှင့် Covid-19 စစ်ဆေးရန်အကြောင်းအရာ စသည်တို့နှင့်ပါတ်သက်သော ဆက်သွယ်စုံစမ်း မေးမြန်းခြင်းများကို ဂျပန်သံရုံးသို့ မေးမြန်းခြင်းမပြုဘဲ သက်ဆိုင်ရာစစ်ဆေးနိုင်သော နေရာအသီးသီးသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(၁) N Health Myanmar Co., Ltd.
※ရောဂါစစ်ဆေးသောနေရာနှင့် Covid-19 ကင်းစင်ကြောင်းထောက်ခံစာထုတ်ပေးသော နေရာတို့သည် မတူညီသည့်အတွက် သတိပြုစေလိုပါသည်။
(က) ရောဂါစစ်ဆေးမည့်နေရာ : Tourists Burma Building
・လိပ်စာ:Sule Pagoda Road,(corner of Sule Pagoda Rd and Mahabandula Rd, Kyauktada Township, Yangon
・ဖုန်းနံပါတ်:09-5199122(အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့်)
・ကြိုတင်ရက်ချိန်းယူရန်ဖုန်းနံပါတ်:09-955199122 (Dr. Thura Zaw)
(ကြိုတင်ရက်ချိန်းယူချိန်တွင် 「ဂျပန်ပြည်၀င်ရာတွင် အသုံးပြုရန်」ဖြစ်ကြောင်းသေချာစွာ အသိပေးပြီး ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေး၀န်ကြီးဌာနမှ သတ်မှတ်ထားသော ပုံစံအတိုင်း Covid-19 ကင်းစင်ကြောင်းထောက်ခံစာ ထုတ်ပေးစေလိုကြောင်း တောင်းဆိုပါ။)
・ရောဂါစစ်ဆေးမည့်အချိန် : နံနက် ၉ နာရီ မှ ၁၁ နာရီအထိ (နေ့စဥ်)
・ရောဂါစစ်ဆေးမည့်နည်းလမ်း:RT-PCR နည်း ( နှာခေါင်းတို့ဖတ် နမူနာရယူခြင်း )
・လိုအပ်သောစာရွက်စာတမ်း:နိုင်ငံကူးလက်မှတ်၊ လေယာဥ်လက်မှတ်မိတ္တူ
(ခ) စစ်ဆေးချက်အဖြေ၊ ထောက်ခံစာထုတ်ပေးမည့်ရုံး: N Health Myanmar Co., Ltd.
・လိပ်စာ:No.807,Corner of 11th street and Marharbandoola Road, Lanmadaw Township
・ဖုန်းနံပါတ်:09-443 200 200, 09-889002323(အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့်)
・စစ်ဆေးပြီးနောက်နေ့ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ
・Covid-19 ကင်းစင်ကြောင်းထောက်ခံစာထုတ်ယူချိန်တွင် အောက်ပါတို့ကို တင်ပြရပါမည်။
・ဆေးစစ်လက်ခံသူ၏ နိုင်ငံကူးလက်မှတ် မူရင်း သို့မဟုတ် မိတ္တူ
・ဘောက်ချာ
(ဂ) ကုန်ကျစရိတ်:200,000 ကျပ်(RT-PCR စစ်ဆေးခြင်းနည်းလမ်း)
(ဃ) Facebook စာမျက်နှာ : https://www.facebook.com/NHealthMyanmarFanpage/
(၂) International SOS Clinic(ကိုယ်စားလှယ် ၀န်ဆောင်မှု)
※အဖွဲ့များသာမက မည်သူမဆိုစစ်ဆေးနိုင်ပါသည်။
・လိပ်စာ:Inya Lake Hotel, 37 Kaba Aye Pagoda Road, Yangon, Myanmar
・ဖုန်းနံပါတ်:01-657 922, 09-420114536
・ကြိုတင်ရက်ချိန်းယူရန်ဖုန်းနံပါတ်:01-657 922 ( မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ)
・ကြိုတင်ရက်ချိန်းယူရန် email : reception.ygn@internationalsos.com (24 နာရီလက်ခံပါသည်။)
(မထွက်ခွာခင် ၄ ရက်အလိုတွင် ကြိုတင်ရက်ချိန်းယူရပါမည်။ ကြိုတင်ရက်ချိန်းယူချိန်တွင် 「ဂျပန်ပြည်၀င်ရာတွင် အသုံးပြုရန်」ဖြစ်ကြောင်းသေချာစွာ အသိပေးပြီး ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေး၀န်ကြီးဌာနမှ သတ်မှတ်ထားသော ပုံစံအတိုင်း Covid-19 ကင်းစင်ကြောင်းထောက်ခံစာ ထုတ်ပေးစေလိုကြောင်း တောင်းဆိုပါ။)
(က) ရောဂါစစ်ဆေးရာတွင် လုပ်ဆောင်ရမည့်အစီအစဥ်များ
・ရောဂါစစ်ဆေးမည့်အချိန် : နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ
・ရောဂါစစ်ဆေးမည့်နည်းလမ်း:RT-PCR နည်း ( နှာခေါင်းတို့ဖတ် နမူနာရယူခြင်း )
・လိုအပ်သောစာရွက်စာတမ်း:နိုင်ငံကူးလက်မှတ်မိတ္တူ၊ လေယာဥ်လက်မှတ်မိတ္တူ (ကြိုတင် e-mail ပေးပို့ရန်)
(စစ်ဆေးမည့်နေ့) နိုင်ငံကူးလက်မှတ်မူရင်းယူသွားရန်
・နိုင်ငံကူးလက်မှတ်မိတ္တူ၊ လေယာဥ်လက်မှတ်မိတ္တူကို e-mail (reception.ygn@internationalsos.com) သို့ ကြိုတင်ပို့ထားပေးပါရန် (ဆေးမစစ်မှီ)
・ဆရာ၀န်ထံသို့ ဖုန်းဆက်မေးမြန်းထားခြင်း (ဆေးမစစ်မှီ ၂၄ နာရီအတွင်း)
・ဆေးစစ်ခြင်း (မထွက်ခွာခင် ၂ ရက်အလို)
・Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသောပုံစံဖြင့် ထုတ်ပေးခြင်း (မထွက်ခွာခင် ၁ ရက်အလို)
・Fit to travel certificate ထုတ်ပေးခြင်း (မထွက်ခွာခင် ၁ ရက်အလို)
(ခ) ကုန်ကျစရိတ်
・ဆေးခန်းတွင် လာရောက်စစ်ဆေးခြင်း : ၂၂၀ ဒေါ်လာ
・အိမ်တိုင်ရာရောက်စစ်ဆေးပေးခြင်း ( သီးသန့်နေထိုင် စောင့်ကြည့်ခြင်းခံရသူများ အပါအ၀င် ):၃၀၀ ဒေါ်လာ (တစ်ဦးလျှင်)
・အဖွဲ့လိုက် စစ်ဆေးခြင်း (ကြိုတင်ဆွေးနွေးစာရင်းပေးရန်လိုအပ်သည်) : စစ်ဆေးမည့်သူ အရေအတွက်နှင့် တည်နေရာပေါ်မူတည်၍ ကုန်ကျစရိတ်ကိုသတ်မှတ်ပါမည် (ဒေါ်လာ ၃၀၀ အောက်သာ)
(ဂ) Facebook စာမျက်နှာ:https://www.facebook.com/sosclinicyangon/
(၃) Yangon Airport Molecular Lab (YAML)
・လိပ်စာ : Yangon International Airport, Pyay Road, near Htan Pin Kone Bus Station, Mingalardon Township, Yangon, Myanmar. ※လေဆိပ် ကုန်ပစ္စည်းသိုလှောင်ရုံ (Cargo Warehouse) အနီး
・ဖုန်းနံပါတ်:09-444099941~42
・အီးမေးလ်:info@ygnairportlab.com
・ကြိုတင်ရက်ချိန်းယူရန်ဖုန်းနံပါတ်:09-444099941~42 (၂၄နာရီ လက်ခံပါသည်။)
(စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး တစ်ရက်ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်။)
(ကြိုတင်ရက်ချိန်းယူချိန်တွင် 「ဂျပန်ပြည်၀င်ရာတွင် အသုံးပြုရန်」ဖြစ်ကြောင်းသေချာစွာ အသိပေးပြီး ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှု ဖူလုံရေး၀န်ကြီးဌာနမှ သတ်မှတ်ထားသော ပုံစံအတိုင်း Covid-19 ကင်းစင်ကြောင်းထောက်ခံစာ ထုတ်ပေးရန် တောင်းဆိုပါ။)
(က) စမ်းသပ်စစ်ဆေးခြင်းနှင့် ပက်သက်သည့် သိရှိရန်အချက်များ
・စမ်းသပ်စစ်ဆေးမည့်အချိန် : နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ (နေ့စဥ်)
・စမ်းသပ်စစ်ဆေးမည့်နည်းလမ်း:RT-PCR နည်း ( နှာခေါင်းတို့ဖတ် နမူနာရယူခြင်း )
・လိုအပ်သောစာရွက်စာတမ်း:နိုင်ငံကူးလက်မှတ်မိတ္တူ ၂ စောင်၊ လေယာဥ်လက်မှတ်မိတ္တူ ၁ စောင်နှင့်
COVID-19 case Investigation Form(Formပုံစံတွင် အမှတ်စဥ် ၂ မှ ၆ အထိ ဖြည့်စွက်ဖော်ပြရန်လိုအပ်ပါသည်။ ကြိုတင်ရက်ချိန်းယူချိန်တွင် QR ကုတ်ပေးပို့ထားမည် ဖြစ်သောကြောင့် တိုက်ရိုက်၀င်ရောက်ဖြည့်စွက်ပြီး ကြိုတင်ပေးပို့ထားနိုင်ပါသည်။)
(ခ) စစ်ဆေးချက်အဖြေ၊ ထုတ်ပေးသည့်နည်းများ (အောက်ပါနည်းလမ်းများထဲမှ တစ်နည်းဖြင့် လက်ခံရရှိနိုင်ပါသည်။)
(ခ-က) စစ်ဆေးချက်အဖြေ
・စစ်ဆေးမှုပြုလုပ်သည့်ညတွင် SMS၊ Viber စသည်တို့ဖြင့် ရလဒ်များကိုအကြောင်းကြားခြင်း။
(ခ-ခ) Covid-19 ကင်းစင်ကြောင်းထောက်ခံစာ လက်ခံရယူခြင်း (အောက်ပါနည်းလမ်းများထဲမှ တစ်နည်းဖြင့် ရယူနိုင်ပါသည်။)
・ စစ်ဆေးပြီးနောက်တစ်နေ့တွင် အိမ်အရောက်ပို့၀န်ဆောင်မှုဖြင့် ရယူခြင်း
・ထွက်ခွာမည့်နေ့မတိုင်မီ Yangon Airport Molecular Lab (မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ) တွင် ရယူခြင်း
・ ထွက်ခွာမည့်နေ့ Check-in မ၀င်မီ Terminal 1 ၏ပထမထပ် (မြေညီထပ်) ရှိ Premium Lounge reception (၂၄ နာရီ ပိတ်ချိန်မရှိ) တွင် ရယူခြင်း
(ခ-ဂ) Covid-19 ကင်းစင်ကြောင်းထောက်ခံစာ လက်ခံရယူချိန်တွင် တင်ပြရမည့်အရာ
・ငွေလက်ခံဖြတ်ပိုင်း
(ဂ) ကုန်ကျစရိတ်
(ဂ-က) ကုန်ကျစရိတ်
(၁) Standard Service:200,000 ကျပ်/test
(၂) Express Service :250,000 ကျပ်/test
・၄နာရီကြာပြီးနောက် ရလဒ်ထွက်ပါမည်။ ထိုနေ့ညနေတွင် Covid-19 ကင်းစင်ကြောင်း ထောက်ခံစာ လက်ခံရယူနိုင်ပါသည်။
(၃) Home Service:200,000 ကျပ်/test + Extra charge 50,000 ကျပ်/time
・စစ်ဆေးမှုမတိုင်မီတစ်ရက်အလိုတွင် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
・Extra chargeသည် စစ်ဆေးခံမည့်သူအရေအတွက်နှင့် မသက်ဆိုင်ပဲ လာရောက်ရသည့် အကြိမ်အရေအတွက်ပေါ်သာမူတည်ပြီး တကြိမ်စာလျှင် 50,000 ကျပ်ဖြစ်ပါသည်။
・နမူနာ ရယူမည့်နေရာသည် ပြတင်းပေါက်အပြည့်အဝဖွင့်နိုင်သည့် သီးခြားအခန်း သို့မဟုတ် အခန်းအပြင်ဘက်လေဟာနယ် ဖြစ်ရပါမည်။
(ဂ-ခ) ငွေပေးချေမှုနည်းလမ်း
(၁) ငွေသားဖြင့်
(၂) CB pay, AYA pay (ကြိုတင်ငွေဖြည့်သွင်းထားပြီး ငွေရှင်းကောင်တာတွင် ငွေပေးချေထားသော ဖုန်းမျက်နှာပြင်ကို Screen Shot တင်ပြပါရန်)
CB bank : Mingalar Sky Co., Ltd, 0010-6008-0000-4839
AYA bank Kyauk Ta Dar Branch : Mingalar Sky Co., Ltd, 0080-1030-1004-3981
(ဃ) Facebook စာမျက်နှာ : https://www.facebook.com/ygnairportlab/
(င) အခြား
・လေဆိပ်လုံခြုံရေးဂိတ်တွင် “ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်မိတ္တူ”ကို တင်ပြရမည်။
・သာမာန်ယာဉ်များသည် ယာဉ်မောင်းမှ လေဆိပ်လုံခြုံရေးဂိတ်တွင် ယာဉ်မောင်းလိုင်စင်ကို တင်ပြခြင်းဖြင့် လေဆိပ်ပရ၀ုဏ်အတွင်း ၀င်ရောက်နိုင်သည်။ (ကားရပ်နားရန်နေရာသည် စစ်ဆေးမည့်နေရာနှင့် ကပ်လျက်တည်ရှိပြီး ယာဉ်ရပ်နားခမှာ အခမဲ့ဖြစ်သည်)
・အငှားယာဉ်များသည် လေဆိပ်ပရ၀ုဏ်အတွင်းသို့ မ၀င်နိုင်သောကြောင့် လေဆိပ်လုံခြုံရေး ဂိတ်တွင်ဆင်းကာ စစ်ဆေးမည့်နေရာအထိ ခြေလျင်လျှောက်ရမည်ဖြစ်ပြီး တစ်မိနစ်မှ နှစ်မိနစ်အတွင်းရောက်ရှိမည်ဖြစ်ပါသည်။
・Yangon Airport Molecular Lab တွင် စစ်ဆေးမှုခံယူထားသောခရီးသည်များသည် Terminal 1 ဒုတိယထပ်ရှိ Mingalar Sky CIP Lounge ကိုအခမဲ့အသုံးပြုနိုင်ပါသည်။
https://www.mm.emb-japan.go.jp/profile/japanese/news/2021/new-4.html
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပါတ်သက်သော စီမံချက်အသစ် (ဂျပန်နိုင်ငံသားများ ဂျပန်နိုင်ငံသို့ပြန်၀င်သောအခါချမှတ်ထားသော Quarantine အစီအမံများနှင့် ပါတ်သက်၍)