COVID-19 ရောဂါကူးစက်ပျံ့ပွားမှုဆက်လက်ဖြစ်ပွားနေသောကြောင့် ကောင်စစ်ဌာန၏ ၀န်ဆောင်မှုကို ယာယီ‌ပြောင်းလဲကြောင်း (ကြိုတင်ရက်ချိန်းယူစနစ် ကျင့်သုံးခြင်း) (၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်)

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID-19ရောဂါ ကူးစက်ပျံ့ပွားမှုကိုတားဆီးကာကွယ်သည့်အနေဖြင့် ယခုအချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနနှင့်သက်ဆိုင်သော အမျိုးမျိုးသောလျှောက်ထားမှုများဆောင်ရွက်ရာတွင် ကြိုတင်ရက်ချိန်းယူစနစ်ကို ကျင့်သုံးမည်ဖြစ်သောကြောင့် ကောင်စစ်ဌာန၏ ၀န်ဆောင်မှုကို အသုံးပြုမည့်သူများအား အောက်ပါအချက်များနှင့်ပတ်သက်၍ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  • ၁။ ယခုအချိန်မှစ၍ ဂျပန်သံရုံး ကောင်စစ်ဌာနသို့ လာရောက်သူအချင်းချင်းကြား၌ ရောဂါကူးစက်ပျံ့ပွားမှု ကို တားဆီးကာကွယ်ရန် ကြိုတင်ရက်ချိန်းယူစနစ်ကို ကျင့်သုံးမည်ဖြစ်သောကြောင့် သံရုံးသို့မလာရောက်မီ တယ်လီဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် သေချာစွာ ကြိုတင်ရက်ချိန်းယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  • ၂။ နေထိုင်မကောင်းဖြစ်နေသူများသည် သံရုံးကိုမလာရန် မေတ္တာရပ်ခံအပ်ပါသည်။

  • ၃။ လျှောက်ထားမှုများ အလျင်စလိုဆောင်ရွက်ရန် မလိုအပ်သူများသည်သံရုံးသို့လာရန် ပြန်လည်စဥ်းစားသုံးသပ်စေလိုပါသည်။

  • ၄။ သံရုံးသို့လာရောက်ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကောင်စစ်ဌာန၏ ဧည့်သည်စောင့်ဆိုင်းခန်းတွင် ထားရှိသော လက်သန့်စင်ဆေးရည် (Hand Gel) များကို အသုံးပြု၍ လက်များကို ပိုးသတ်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

● ကြိုတင်ရက်ချိန်းယူရာမှ လျှောက်လွှာတင်သည်အထိ ဆောင်ရွက်ရန်အစီအစဥ်
  • ၁။ အီးမေးလ် သို့မဟုတ် တယ်လီဖုန်းဖြင့် အောက်ပါအချက်အလက်များကို အကြောင်းကြားပေးပါရန်။ (ဆက်သွယ်ရန် လိပ်စာကို အောက်တွင်ဖော်ြပထားပါသည်။ အမှားများကို တားဆီးကာကွယ်ရန် တတ်နိုင်သမျှ အီးမေးလ်ကိုအသုံးပြုပေးပါရန်။)

      。သံရုံးသို့လာရောက်မည့်သူ၏အမည်
      。လျှောက်ထားသူအမည်
      。သံရုံးသို့လာ‌ရောက်လိုသောနေ့ရက်နှင့်အချိန် ( မိမိဆန္ဒရှိသောအချိန် ၃ ချိန် တင်ပြနိုင်ပါသည်။ )
      。လျှောက်ထားလိုသည့်အကြောင်းအရာ( Passport၊ နေထိုင်ကြောင်းထောက်ခံစာ၊ ဗီဇာစသည် )
          မှတ်ချက်။ ဗီဇာထုတ်ပေးခြင်း၊ ဂျပန်ပြည်၀င်ခွင့်နှင့် ပတ်သက်သောကန့်သတ်ချက်များကို လက်ရှိအချိန်အထိ ဖြေလျှော့ထားခြင်းမရှိသေးပါ။
      。ဆက်သွယ်ရန်လိပ်စာ ( ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ 【မဖြစ်မနေ ဖြည့်ပေးရန်】)
    ※ အီးမေးလ်ဖြင့်ဆက်သွယ်မည်ဆိုပါက အီးမေးလ်၏ အကြောင်းအရာ (Subject) နေရာတွင် 「ကောင်စစ်ဌာနသို့ လာရောက်ရန် ကြိုတင်စာရင်းပေးခြင်း (လျှောက်ထားသူအမည်) 」ဟု ဖြည့်စွက်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
    ※ သံရုံးသို့လာရောက်လိုသောနေ့ရက်၊ အချိန်နှင့်ပတ်သက်၍ ဘိုကင်အခြေအနေအရ မိမိလိုချင်သော နေ့ရက်၊ အချိန်အတိုင်း မရရှိနိုင်သည့် အ‌‌ခြေအနေများလည်း ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။


  • ၂။ ဆက်သွယ်လာသည့်အကြောင်းအရာကို စိစစ်ပြီးနောက် ဂျပန်သံရုံးဘက်မှ သံရုံးသို့လာရောက်ရမည့်နေ့ရက်၊ အချိန်စသည်ကို အီးမေးလ်ဖြင့်ပို့ပေးပါမည်။


  • ၃။ သံရုံးသို့လာရောက်သည့်နေ့တွင် သံရုံး၀င်ပေါက်တွင် မိမိ၏အမည်နှင့် ကြိုတင်ရက်ချိန်းရယူထားပြီးဖြစ်ကြောင်းကို သံရုံး၀န်ထမ်းများအား အသိပေး‌ပြောကြားပါရန်။ ထို့အပြင် သံရုံးလာရောက်သူများအတွက် ကားရပ်နိုင်ရန်နေရာမရှိပါသဖြင့် ခြေလျင်၀င်‌ရောက်ပေးရန်  မေတ္တာရပ်ခံအပ်ပါသည်။


  • ၄။ ထို့နောက်တွင် ကောင်စစ်ဌာနလျှောက်လွှာလက်ခံကောင်တာတွင် လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးပါမည်။

      ● ကောင်စစ်ဌာနဖွင့်လှစ်၊လက်ခံ‌ဆောင်ရွက်ချိန် : နံနက်၈နာရီခွဲမှ နေ့လည်၂နာရီအထိ
      ● ကောင်စစ်ဌာန ကြိုတင်ရက်ချိန်းယူရန်နှင့် ဆွေးနွေးတိုင်ပင်ရန်
         ♢ ဖုန်းနံပါတ် : (၉၅-၁) ၅၄၉၆၄၄~၈
         ♢ အီးမေးလ် : ryoji@yn.mofa.go.jp