
မြန်မာနိုင်ငံရှိ COVID-19လူနာများအတွက် Oxygen Concentratorများ ထောက်ပံ့ပေးအပ်ခြင်း (၂၀၂၁ခုနှစ် ဇူလိုင်လ ၂၁ရက်)
၂၀၂၁ခုနှစ် ဇူလိုင်လ ၂၁ရက်
ဇူလိုင်လ (၂၁)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၌ လက်ရှိCOVID-19 ဖြစ်ပွားမှုကို တုန့်ပြန်သောအားဖြင့် ကုလသမဂ္ဂစီမံကိန်း၀န်ဆောင်မှုများရုံး (UNOPS) မှ အကောင်အထည် ဖော်လျက်ရှိသော လက်ရှိစီမံကိန်းမှတဆင့် Oxygen Concentrator အလုံးရေ (၇၀၀)အထိ ထပ်မံထောက်ပံ့ရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။
- ၁။ ယခုနှစ် ဇွန်လကုန်ကတည်းက မြန်မာနိုင်ငံတွင် COVID-19 အခြေအနေသည် မြင့်တက်လာသောလူနာဦးရေများနှင့် တစ်နေ့လျှင်ရာပေါင်းများစွာသော သေဆုံးမှုများကြောင့် လျင်မြန်စွာယိုယွင်းလာခဲ့ပါသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် မြန်မာပြည်သူများအတွက် လိုအပ်သောကုသမှုများပေးနိုင်ရန်အတွက် Oxygen Concentratorများကို အလျင်အမြန် ထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေပါသည်။
- ၂။ UNOPS နှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဤအထောက်အပံ့အစီအစဥ◌်အရ ဂျပန်နိုင်ငံအစိုးရသည် COVID-19 လူနာများကို ကုသပေးနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုသရေးဌာနများသို့ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် Oxygen Concentratorများအား ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများကို တိုက်ရိုက်ပံ့ပိုးပေးမည်ဖြစ်ပါသည်။
- ၃။ ဂျပန်နိုင်ငံအစိုးရသည် Oxygen Concentratorများအပြင် COVID-19 လူနာများအား ကုသမှုပေးနေသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ် (၁၄)စီး ကို မကြာမီလွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ဤလူနာတင်ယာဥ်များကို COVID-19ရောဂါကူးစက်ခံရသောလူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။